စာစဉ် ၅၁ (၁-၁၄)

5K 657 31
                                    

Book.              :  51
Chapter.          :  1 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၁၊ အခန်း ၁ ။  အတွင်းရေးပြသနာနှင့် အပြင်ရေးပြသနာ

ဧည့်ခန်းထဲအရောက်တွင်
ရီဝမ်ဝမ်သည် ရွှီရီအတွက် ရေတစ်ဖန်ခွက်
ငှဲ့ပေးလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည် ။ 

"စီ မိသားစုရဲ့ အခြေအနေ ဘယ်လိုလဲ"

ရွှီရီသည် ဖန်ခွက်ကို အောက်ချလိုက်ပြီး သက်ပြင်းချကာ
ရီဝမ်ဝမ်ကို ကြည့်လာသည် ။ 

"အမှန်အတိုင်း ပြောရရင် သခင်လေး ၉ ပျောက်သွားထဲက
စီ မိသားစု ထဲမှာ ပြသနာအကြီးအကျယ် တက်နေတယ် သခင်မလေး ဝမ်ဝမ် ။ တော်တော်များများက သခင်လေး ၉ ကို ဆန့်ကျင်လာကြတယ် ။ သခင်လေး ၉ ဒီမှာ ရှိနေတုန်းကတော့ အားလုံးက မလှုပ်ရှားရဲကြလို့ အရာအားလုံးက တည်ငြိမ်နေပါတယ် ။ ဒါပေမယ့် သခင်လေး ၉ မရှိတော့တာနဲ့ အကုန်လုံးက မီးတောင်ပေါက်ကွဲသလို မတည်မငြိမ်တွေ ဖြစ်လာနေကြတယ် သခင်မလေး"

ရွှီရီ ဘာပြောနေသည်ကို ရီဝမ်ဝမ် နားလည်ပါ၏ ။

စီရီဟန် ရှိနေစဉ်တွင် အားလုံးကို ဖိထားနိုင်သဖြင့်
စီ မိသားစု အကြီးအကဲများသည် စီရီဟန်ကို ကြောက်ရွံ့ကြပေသည် ။

သို့သော်လည်း စီရီဟန်သည် စကားတစ်ခွန်းမဆိုဘဲ ပျောက်သွားလေပြီ မဟုတ်ပါလား ။
ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိဘဲ
သူ့အကြောင်းမှာ မရေရာမသေချာပေ ။
စီ မိသားစု၏ လူအင်အားအလုံးအရင်း သုံးကာ စီရီဟန် ကို လိုက်ရှာခြင်းမှာလည်း အချည်းနှီးသာ ဖြစ်နေလေသည် ။

ထို့ကြောင့် အခုချိန်တွင် စီ မိသားစု အကြီးအကဲ အားလုံးသည် စီရီဟန် မတော်တဆမှု ဖြစ်သွားပြီဟု သတ်မှတ်လိုက်ကြလေသည် ။
သူ နှင့် ပတ်သက်သည့် သတင်းတစ်ခုပင် မရနေဘူး မဟုတ်ပါလား ။

"စီမင်းလိတို့ မိသားစုလည်း ပြန်ရောက်လာကြပါပြီ ။ မျိုးနွယ်စုထဲက အကြီးအကဲတော်တော်များများက စီမင်းလိကို စီ မိသားစုရဲ့ အကြီးအကဲ လုပ်ဖို့ တင်မြှောက်နေကြတယ်၊ လူနည်းစုကတော့ အဲ့ဒါကို ဆန့်ကျင်နေ ကြတယ် သခင်မလေး"
ရွှီရီသည် မျက်မှောင်အကြုတ်ကြီး ကြုတ်နေသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now