စာစဉ် ၆၃ (၁၁-၂၀)

3.1K 389 16
                                    

Book.              :  63
Chapter.          :  11 - 20
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၃၊ အခန်း ၁၁။ တရုတ်ပြည်ကို ပြန်မယ် ၊ ပြင်ထား

တတိယအကြီးအကဲ က ဘယ်လိုလူစား မလို့လဲ ။

ကိုယ့်ရဲ့သားအရင်းကိုတောင် ပြန်သတ်တဲ့ ရက်စက်တဲ့ လူစား ။

သို့သော် ထိုကဲ့သို့သောလူမျိုးက အခု သူမကို ခေါင်းပေါ် တင်ထားကာ တရိုတသေ ဆက်ဆံနေလေသည် ။ အပေါ်ယံရွှေမှုန်ကြဲ အယောင်ဆောင် သစ္စာရှိပြနေတာနဲ့ မတူဘဲ သူမကို ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းကို အသိအမှတ်ပြု လက်ခံလာတာ ဖြစ်နေသည် ။
ပထမအကြီးအကဲ နှင့် ဒုတိယအကြီးအကဲ နှစ်ယောက်စလုံးသည်လည်း သူမကို လေးလေးစားစား ဆက်ဆံလာကြပြီး ရံဖန်ရံခါတွင် စပင် စနောက်တတ်ကြသည် ။

ရီဝမ်ဝမ် တစ်လျှောက်လုံး မယုံကြည်နိုင် ဖြစ်နေမိခဲ့၏ ။

ငါက ဘယ်သူများလဲ … ။

ငါ့မှတ်ဥာဏ်တွေ မပျောက်ဆုံးခင်က
ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ကိုကြီး ဗိုလ် အစစ် များ ဖြစ်ခဲ့မလား ။

တခနကြာတော့ ရီဝမ်ဝမ် ခုနစ်စင်ကြယ်ကို ဖုန်းခေါ်လိုက်၏ ။

“အစ်မ ဖန်း ညဥ့်တောင်နက်နေပြီ ဘာလို့ ဖုန်းခေါ်တာလဲ ..
တစ်ခုခု ဖြစ်လို့လား”
ခုနစ်စင်ကြယ်က ချက်ချင်း ဖုန်းကိုင်သည် ။

“အခု ဘယ်မှာလဲ” ရီဝမ်ဝမ် မေးလိုက်၏ ။

“ကျွန်တော်လား … ဆေးရုံမှာ အမေ့ဆီ ရောက်နေတာ”
ခုနစ်စင်ကြယ် ပြန်ဖြေသည် ။

“ဆေးရုံမှာ မင်းအမေဆီ ရောက်နေတာ .. လား”
ရီဝမ်ဝမ် အံ့သြမိသွား၏ ။

“ဟုတ် .. ကျွန်တော် ပြောဖူးသားပဲ ၊
ကျွန်တော့်အမေ ကားတိုက်ခံရလို့ ဆေးရုံတက်နေပါတယ်ဆို”
ခုနစင်ကြယ် ပြောလိုက်သည် ။

ရီဝမ်ဝမ် မျက်နှာကို လက်နဲ့ အုပ်လိုက်မိ၏ ။

ဒါဆို ခုနစ်စင်ကြယ်ရဲ့အမေက တကယ်ကြီး ကားတိုက်ခံရတာလား ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now