စာစဉ် ၅၀ (၁၅-၂၆)

4.5K 634 28
                                    

Book.              :  50
Chapter.          :  15 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၀၊ အခန်း ၁၅။  လူသတ်သမား

ရီဝမ်ဝမ်သည် သူမ၏ကျန်ရှိနေသည့် ဘ၀တစ်လျှောက်လုံး ကို သူမ ဘယ်သူဖြစ်ကြောင်း သို့ မဟုတ်
သူမမိသားစုသည် ဘယ်ဝါဖြစ်ကြောင်းကို ဘယ်တော့မှ ပြန်မမှတ်မိလောက်တော့ဟု အစက တွေးထင်ထားမိခဲ့ခြင်း ဖြစ်သည် ။

အခုနက ပေါ်ထွက်လာသည့် မှတ်ဥာဏ်တစ်ပိုင်းတစသည်
သူမကို အအံ့သြကြီး အံ့သြသွားစေမိ၏ ။

သူမသည် ကိုယ့်ဘ၀မှန်ကို စကာ သံသယ၀င်မိလိုက်သည် နှင့် ချက်ချင်းပင် သူမ ပိုင်ဆိုင်ခဲ့သည့် ထိုမှတ်ဥာဏ်တို့ က ထိုးထွက်လာခဲ့လေသည် ။ ထိုမှတ်ဥာဏ်တို့ ကို ပြန်ရနိုင်ဖို့ ရာ သူမ မျှော်လင့်လို့  ရနေသေးသည်လား ။

မူလမှတ်ဥာဏ်များ ပြန်ရနိုင်ဖို့  မျှော်လင့်ချက်လေး ထွက်လာသည်ကို သိလိုက်မိ၍ ရီဝမ်ဝမ်သည် အလွန်အမင်း ပျော်ရွှင်မိသွားသည် ။
သို့ သော်လည်း သူမ၏မိဘများ ကွယ်လွန်သွားကြလေပြီ ဆိုသည့် အချက်ကိုမူ လက်ခံဖို့ ရာ ခဲယဉ်းနေလေသည် ။

သူမ၏မိဘအရင်းအချာနှစ်ပါးမှာ ဤလောကကြီးကနေ ထွက်သွားနှင့်ကြလေပြီ ။ ထို့ ပြင်
သူမ၏အဘိုးသည်လည်း အသက်ရှင်နေသေးသည်လား၊ ဘယ်ကို ရောက်နေလေသည်နည်း သူမ မသိရသေး ။

ရီဝမ်ဝမ်သည် သောင်းပြောင်းရောထွေးနေသည့် စိတ်ခံစားချက်တို့ ကို ချိုးနှိမ်ပစ်လိုက်ပြီး ခေါင်းထဲက ထိုးကိုက်နေခြင်း သက်သာသွားသည် ကို စောင့်ပြီးနောက်
ရီ အိမ်တော်ဆီ ထပ်မောင်းသွားလိုက်သည် ။

သူမ ကားထဲက အထွက်တွင် ရီမူဖန်သည်လည်း အိမ်တော်သို့  ပြန်ရောက်လာလေသည် ။

ရီမူဖန်သည် ကားသော့ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး
ရီဝမ်ဝမ်ဆီသို့  မြန်မြန်လျှောက်လာသည် ။ 

"၀မ်ဝမ်…နေကောင်းရဲ့လား"

ရီမူဖန်သည် ထိုမသိမသာလေး စိတ်လွတ်နေသည့် ရီဝမ်ဝမ်ကို ကြည့်ကာ တိတ်တိတ်လေး မေးလာသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now