စာစဉ် ၂၅ ( ၁၇ - ၂၄ )

10.7K 903 50
                                    

Book.              :   25
Chapter.          :  17 - 24
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၅၊ အခန်း ၁၇။ ဗိုက်ဆာတယ်

“ပြန်ရောက်ပါပြီ”

ရီဝမ်ဝမ်၊ ကျင်းဥယျာဉ်ကို ပြန်ရောက်လာပြီး တံခါးဖွင့်လိုက်သည်နှင့် ပထမဦးဆုံး မြင်လိုက်ရသည်မှာ စီရီဟန်သည် ဧည့်ခန်းထဲက ဆိုဖာပေါ် လက်ပ်တော့တစ်လုံးနှင့် ထိုင်နေခြင်းပင် ။

စီရီဟန်သည် ဧည့်ခန်းထဲတွင် ထိုင်နေခြင်းကြောင့်
ရီဝမ်ဝမ်၊ အနည်းငယ် ဝေခွဲမရဖြစ်သွားမိတော့၏။
“အာ၊ ဘေဘီ။ ဘာလို့ အခန်းထဲ မသွားဘဲ ဒီမှာ ထိုင်နေတာလဲ”

စီရီဟန်၊ စကားပြောတော့မည်ပြုလိုက်စဉ်။ ရီဝမ်ဝမ်သည်ကား
ဖင်ကျောက်ချ ထိုင်ချပြီးသွားချေပြီ ။ “ဘေဘီ အရင်ကပြောတော့ အခန်းထဲမှာက အလင်းပိုကောင်းတယ်ဆို။ အခုတော့ ဧည့်ခန်းက ပိုကောင်းသွားပြီလို့ ပြောတော့မလို့လား ။ ပါးစပ်ကနေတော့  အဲ့လိုပြောပေမယ့်လို့ စိတ်ထဲကတော့ အဲ့လိုမဟုတ်ဘူးဆိုတာကို
ချစ် သိပါတယ်။ ချစ် အိမ်ပြန်လာတာကို စောင့်နေတာမှတ်လား !”

စီရီဟန် ။ “…”

စီရီဟန်အား အကြောက်ကြီးကြောက်ခဲ့သည့်သူမလေး။
ယခုတွင်တော့ ထိုသူမလေးသည် သူ့ကို မြင်လိုက်သည်နှင့်
မစဘဲနှင့်ကို မနေတတ်တော့လေပြီ။

ရီဝမ်ဝမ်၊ သူ့အား ဆက်စချင်နေသော်လည်း သူမလေးထံတွင် အားအင်တစ်စက်မှ မရှိလေသည်ကို အမှတ်ရမိသွားလေရာ ။ သူမရဲ့ဝမ်းဗိုက်လေးကို ပွက်ကာသပ်ကာဖြင့် နှုတ်ခမ်းလေးဆူကာ ပြောဆိုလာတော့သည် ။ “ဘေဘီ၊ ချစ် ဆာနေပြီ ~”

စီရီဟန်၊ သူ့နံဘေးက သူမလေးအား တစ်ချက်ကြည့်လိုက်ပြီး၊ နောက် မှီချလိုက်ကာ သူမလေးနှုတ်ခမ်းလွှာထက် အနမ်းပေးလာပါတော့၏။

ရီဝမ်ဝမ်၊ ချောင်းအသာဟမ့်လိုက်မိတော့ပြီး ။
“အမ်၊ အဲ့ဒီ ဆာတာ မဟုတ်ဘူး။ ချစ် တကယ်ကြီး ဗိုက်ဆာနေတာ”

“မစားခဲ့ဘူးလား ?”

“တွေ့ဆုံပွဲပါဆိုနေ စားစရာဘယ်လိုလုပ် ရှိမှာလဲ !”
ရီဝမ်ဝမ် ၊ တတွတ်တွတ်ပြောဆိုလာတော့သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now