စာစဉ် ၂၈ ( ၂၃ - ၂၈ )

9.3K 1K 65
                                    

Book. : 28
Chapter. : 23 - 28
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၈၊ အခန်း ၂၃။ သေချာပေါက် လက်ထပ်မယ်

ကုန်ရွှီ၊ လူးလှိမ့်လို့ပြီးသွားမှ မတ်မတ်ထိုင်လိုက်ပြီး ရွှန်းရွှန်းစားစားမျက်လုံးတို့ဖြင့် ရီဝမ်ဝမ်အား ကြည့်လာကာ၊ မျက်တောင်တစ်မှိတ်ပင် မခတ်ဘဲ သူမလေးအား စိုက်ကြည့်နေရင်း။
"အစ်ကို ရီ၊ အကိုက ရေလည်မိုက်တယ်ဗျာ။ ကျွန်တော်သာ မိန်းမဆိုရင် ကျွန်တော် အစ်ကို့ကို သေချာပေါက်လက်ထပ်မှာ ။ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူး၊ ကျွန်တော် ယောကျာ်းဖြစ်နေတာတောင်မှ အစ်ကို့ကို လက်ထပ်ချင် မိတယ်၊ ဟူးဟူးဟူး..."

ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားရသည် ။ "..."

ဒီကောင်မှာ စည်းရောရှိသေးရဲ့လား။
လျိုချန်းတစ်ဝက်လောက်လေးပဲ မှီပေးလို့မရဘူးလား ။

ရီဝမ်ဝမ်၊ အွန်လိုင်းတွင် ပြောဆိုနေကြသည်တို့အား ဆက်ကာကြည့်နေ လိုက်ချိန်။ သူမ အံ့သြသွားရလောက်အောင်ပင် မမျှော်လင့်ထားခဲ့မိသည့် တစ်ခုခုကို တွေ့ လိုက်ရ၏ ။

ရီဝမ်ဝမ် ။ "အဲ"

"ဘာဖြစ်လို့လဲ ။ ဘာလဲ၊ အစ်ကို ရီ"
ကုန်ရွှီ၊ ချက်ချင်းပင် စပ်စုတတ်သည့်ကလေးလေးသဖွယ် မေးခွန်းတို့မေးချလာသည် ။

ရီဝမ်ဝမ်၊ သူမ၏မျက်ခုံးတို့ မြင့်တက်သွားရပြီး ကုန်ရွှီနှင့်လျိုချန်းအား နှစ်ကြိမ်သုံးကြိမ်လောက် တစ်ချက်ရှိုးကြည့်လိုက်ရင်း။
"ဒါက တော်တော်လေး...စိတ်ကူးကောင်းပဲ..."

"ဘာစိတ်ကူးကောင်းလဲ ။ အစ်ကို ရီ၊ ဘာတွေပြောနေတာ လဲ"
ကုန်ရွှီ၊ တိုးတိုးလေး ပြောလာ၏ ။ အစ်ကို ရီ သူ့အား ကြည့်နေသည့်ပုံမှာ နည်းနည်းလေးကောက်ကျစ်နေသည်ကို သူ အာရုံခံမိနေလေပြီ ။

ရီဝမ်ဝမ်၊ ကျိတ်ပိုးရယ်ချလာကာ ။
"ဒီကိစ္စကြောင့် မင်းနဲ့လျိုချန်းမှာ...အမ်...CP ဖန်တွေ ရသွားပြီ"

ကုန်ရွှီ၊ ကြောင်တောင်တောင်ဖြစ်သွားရ၏။
"ဘာပြောတယ်။ CP ဖန်တွေ ။ အစ်ကို ရီ၊ မှားနေတာ များလား"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now