စာစဉ် ၄၄ (၁၇-၂၅)

5.5K 867 16
                                    

Book.              :  44
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၄၊ အခန်း ၁၇ ။  နောက်တစ်ယောက်ပြောင်းကြိုက်မှာ မဟုတ်ဘူး

ရီဝမ်ဝမ် မော့ကြည့်လိုက်ပြီး စီရီဟန်ကို တစ်ခုခုပြောမည် ပြုလိုက်၏ ။ သို့ သော်…
စီရီဟန်၏အမူအရာမှာ တစ်ခုခုလွဲနေလေသည် ။
သို့ နှင့် သူ့ နား တိုးကပ်လိုက်ပြီး သူ့ အား စူးစိုက်ကြည့်လိုက်မိ၏ ။

လရောင်အောက်တွင် သူသည် အဖြူရောင်ဝတ်စုံကို ၀တ်ထားသည် ။ ခါတိုင်းလိုပင် သူ၏မျက်နှာသည်ကား ချောလွန်း ခန့် လွန်းလျက် အေးစက်ကာ ရှုတည်တည် ။
သို့ သော် ပျားပိတုန်းလို မည်းနက်နေသည့် သူ့ ဆံပင်တို့ ကတော့ အနည်းငယ် စိုစွတ်နေသည်…

ထို့ ထက် ပိုထူးဆန်းသည်မှာ သူ့ ဆီကနေ သွေးညှီနံ့  မရနေ ။ ပို၍ပို၍ထူးဆန်းပြန်သည်မှာ…
သွေးညှီနံ့ ရရမည့်အစား သူ့ ကိုယ်မှာ သင်းပျံ့ ကြိုင်နေလေ သည် ။

“ဘာဖြစ်လို့ လဲ”
သူမလေး၏မျက်ဝန်းတို့ မှာ ရွှန်းစားသထက် ရွှန်းစားလာနေသဖြင့် စီရီဟန် မေးလာသည် ။ 

“…ရှင် ရေချိုးလာတာလား”
ရီဝမ်ဝမ် မေးလိုက်သည် ။

စီရီဟန် ခေါင်းညိတ်လိုက်၏ ။ “အင်း”

သူ့ ကိုယ်တွင် ရစ်သိုင်းနေသည့် သွေးညှီနံ့ တို့ သည် သူမလေးအား ကြောက်လန့် သွားမိစေမှာကို သူ စိုးရိမ်နေခြင်းပေလား ။
ထို့ ကြောင့် တမင်ရေမိုးချိုးပြီးမှ သူမလေးကို လာတွေ့ ခြင်း ပေလား…

ထိုအတွေးဖြင့် ရီဝမ်ဝမ်၏အပေါ်ထပ်ခြုံထားသည့် ကိုယ်သာမက သူမလေး၏နှလုံးသားလေးပါ ရှိန်းမြပူထူလာရတော့သည် ။

“အခုရက်ပိုင်းမှာ…ရှင် စီမင်းလိကိစ္စ ရှင်းနေတာလား” 
ရီဝမ်ဝမ်က သိလိုစွာ မေးလိုက်သည် ။

စီမင်းလိနောက်ကွယ်က ကြိုးကိုင်နေသူကို ရှာတွေ့ မတွေ့  သူမ မသိ ။ သူမကိုယ်တိုင်သည်လည်း တန်လုံနှင့် မြည်ဟည်းနေသောနဂါးများ ကြေးစားအဖွဲ့ ၏သတင်းကို
ရဖို့ ရာ ကျန်းကြီးတို့ အဖွဲ့ ကို အမိန့် ပေး စေခိုင်းထားခဲ့ပါ၏ ။ သို့ သော် ကံမကောင်းအကြောင်းမလှစွာ… ထိုကြေးစားအဖွဲ့ မှာ အင်မတန်နှုတ်မြဲလှပေသည် ။ ထို့ ကြောင့် ကျန်းကြီးတို့ အဖွဲ့ မှာ စီမင်းလိနောက်ကွယ်ကသူကို ရှာမတွေ့ နိုင်ခဲ့ပေ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now