စာစဉ် ၅၉ (၁၇-၂၅)

3.1K 475 38
                                    

Book.              :  59
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၉၊ အခန်း ၁၇။ စူပါ့ စူပါ သိုင်းပညာရှင်ကြီးအဖြစ် ပြောင်းသွားခြင်း

ခုနစ်စင်ကြယ် အံ့အားသင့်နေ၏ ။
ဒါက ငါနဲ့ ဘာဆိုင်လို့လဲ ။ အစ်မ ဖန်း က ဘယ်တုန်းကမှ မသောက်ဖူးတဲ့ဟာကို … သူ စိတ်လွတ်သွားပြီး အရက်ကို ရေလို သောက်ပစ်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ ။

သူသည် ပျစ်ပျစ်နှစ်နှစ်ကို ဆဲရေးတိုင်းထွားပစ်လိုက်ချင်သော်ငြား တစ်ဖက်လူမှာ အကြီးအကဲ ဖြစ်နေသဖြင့် ကြိတ်မှိတ်မြိုသိပ်လိုက်ရ၏။

“ဂိုဏ်းချုပ်က ဘယ်တော့လောက် နိုးမလဲ”

နောက်ထပ်သော ခေါင်းဆောင်တစ်ယောက်က ခုနစ်စင်ကြယ်ဘက်သို့ လှည့်လိုက်သည် ။

ခုနစ်စင်ကြယ်သည် တွေးကြည့်လိုက်ပြီး ပြန်ဖြေပေးလိုက်၏ ။

“ကျွန်တော့်ကို မမေးနဲ့လေဗျာ ၊ အစ်မ ဖန်း သောက်တဲ့ အရက်ကိုသာ သွားမေး ။ အရက်က ပျော့ရင် အစ်မ ဖန်း မြန်မြန်နိုးလာလိမ့်မယ် ၊ ပြင်းရင်တော့ နောက်ကျမှ နိုးလာလိမ့်မယ်”

ထိုခေါင်းဆောင်မှာ ဘာမှ ပြန်မပြောလိုက်ရခင်
ဗိုင်းရပ်စ် နှင့် ဖြူကောင်ကြီးသည် သူတို့ရှေ့ ဘွားကနဲ ပေါ်ချလာ၏ ။ နှစ်ကောင်သား ရီဝမ်ဝမ်၏နံဘေးတွင် ထိုင်ချလိုက်ကြပြီး သူတို့ကို စူးစူးရဲရဲ အကဲခတ်ကြည့်နေကြလေသည် ။

ဗိုင်းရပ်စ် နှင့် ဖြူကောင်ကြီးတို့ ရှိနေသဖြင့် သူတို့မှာ အနားနား တိုးကပ်မသွားဝံ့တော့ဘဲ အပြင်ဘက်ကနေသာ လှမ်းကြည့်နေရတော့၏ ။

နာရီပေါင်းများစွာ ကြာသော် …
ရီဝမ်ဝမ်သည် တဖြည်းဖြည်းချင်း မျက်လုံးပွင့်လာလေပြီ ။ သူမကိုယ်တွင် မွှန်ထူနေသည့် အရက်နံ့တို့လည်း တဖြည်းဖြည်းချင်း လွင့်ပြယ်သွားလေပြီ ။

ရီဝမ်ဝမ် ခေါင်းတစ်ခုလုံး အုံထိုးနေပြီး နှုတ်ခမ်းကလည်း သဲသောင်ပြင်လို ခြောက်သွေ့ နေသလို ခံစားလိုက်ရ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now