စာစဉ် ၆၃ (၁-၁၀)

3.6K 481 53
                                    

Book. : 63
Chapter. : 1 - 10
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၃၊ အခန်း ၁။ သွေးသားအရင်းချာ ဟုတ်မဟုတ် စစ်ပြီ

"ရှိတယ်" ခုနစ်စင်ကြယ်က အမြန်ထပြောသည် ။
"အစ်မ ဖန်း .. ကျွန်တော် ရှိတယ် ... အစ်မ ဘာကို
စစ်ကြည့်ချင်တာလဲ ။ ရှေးဟောင်းပစ္စည်းတွေလား ဒါမှမဟုတ် ကျောက်မျက်ရတနာတွေလား ။ ဒီနယ်ပယ်မှာတော့ ကျွန်တော် နည်းနည်းကျွမ်းတယ် ဟဲဟဲ"

ကြယ်ခုနစ်သည်ပင် ရှားတောင့်ရှားခဲ ငြင်းမလာပေ ။

ခုနစ်စင်ကြယ်သည် ဒီနယ်ပယ်တွင် ဗဟုသုတ နှံ့စပ်ရုံသာမက ဘာသာစကားပေါင်းများစွာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သေးပေသည် ။

ဟိုအရင်က ဖိန့်ဖိန့်တုန်ဂိုဏ်းသည် တိုင်းတပါးက ဂိုဏ်းများနှင့် စေ့စပ်ဆွေးနွေးမှု ပြုရတိုင်း ခုနစ်စင်ကြယ်သည် ဘာသာပြန်အဖြစ် ၀င်ပါပေးရစမြဲသာ ။

"ဒါဆို .. သွေးသားအရင်းချာ ဟုတ်မဟုတ် စစ်တာကရော"
ရီဝမ်ဝမ် မေးလိုက်၏ ။

"ဟုတ် .. ကျွန်တော်ကိုယ်တိုင် စစ်ပေးတတ်တယ် ။
အစ်မ ဖန်း ထုတ်လိုက် ၊ ကျွန်တော် ကြည့်ကြည့်ပေးမယ် ။
ဒီခေတ်မှာ အတုအယောင်တွေကလည်း ခပ်ပေါပေါရယ်" ခုနစ်စင်ကြယ်က သူမကို လေ့လာအကဲခတ်နေသည် ။

"ငါ ပြောနေတာက သွေးသာအရင်းချာ ဟုတ်မဟုတ် စစ်တာကို ပြောနေတာနော် .. မင်းက မင်းအဖေရဲ့ သား ဟုတ်မဟုတ်ကို စစ်တာလိုမျိုး .. အဲ့လိုစစ်တာကို ပြောတာ"
ရီဝမ်ဝမ် သက်ပြင်းချလိုက်မိ၏ ။

ခုနစ်စင်ကြယ်မှာ တောင့်တင်းသွားပြီး သူမကို မယုံကြည်နိုင်စွာ ငေးကြည့်လာသည် ။

"ကျွန်တော်က ကျွန်တော့်အဖေရဲ့ သား မဟုတ်ဘူးလား ။
ဘာလို့လဲ ။ ကျွန်တော်က ကျွန်တော့်အဖေရဲ့သား မဟုတ်ရင် ကျွန်တော်က ဘယ်သူ့ သားလဲ ။ မဟုတ်မှလွဲရော ကျွန်တော့်အမေက ကျွန်တော့်ကို မပြောဘဲ လျိုထားတာလား"

ရီဝမ်ဝမ် ထိုခုနစ်စင်ကြယ်ကြောင့် တုန်တက်သွားရ၏ ။

ဒီကောင်တော့ .. တုံးချင်ယောင် ဆောင်နေတာပဲလား ၊
တကယ်ကြီး တုံးနေတာပဲလား ... ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now