စာစဉ် ၃၉ ( ၁၇ - ၂၅ )

7.3K 934 43
                                    

Book. : 39
Chapter. : 17 - 25
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၉၊ အခန်း ၁၇ ။ ဘယ်သူက ဘယ်သူ့ ကို ကျိတ်ကြွေနေတာလဲ

ပြီးခဲ့သည့်တစ်ခေါက်က စီရီဟန် ရုတ်တရက်ကြီး သွေးတို့  ထွေးအန်ခဲ့စဉ်တွင် စီမင်းလိသည် သူမအား ဒုက္ခပေးခဲ့သည် မဟုတ်လော ။

ထိုအချိန်တွင် ရှဲ့ကျဲ့ကျီသည် စီရီဟန် သူမအား တစ်ခါက ပြခဲ့ဖူးသည့် ကျောက်စိမ်းလက်ကောက်ဝတ်နှင့် လက်စွပ်ကို သူနှင့်တစ်ပါတည်း ယူလာကာ သူနှင့်အတူ ထွက်သွားဖို့  သူမအား စည်းရုံးခဲ့၏ ။

သို့ သော် ရှဲ့ ကျဲ့ကျီ ရုတ်တရက်ကြီး ပေါ်လာသည်ကပင် သူမအတွက် ရှော့ရစရာဖြစ်နေသဖြင့် သူ့ နောက်က လိုက်မသွားမိခဲ့ပါပေ ။

သို့ ပေမည့် ရှဲ့ကျဲ့ကျီသည် စီရီဟန်၏အမိန့်ကို နားထောင်ရဦးမည်ဖြစ်ပြီး သူမအား အတင်းမရမက ခေါ်ဆောင်သွားမည်ကို သူမ ကောင်းကောင်း နားလည်သဘောပေါက်နေ၏ ။

ထို့ ပြင်....
ထိုကဲ့သို့ သောအခြေအနေမျိုးအောက်တွင် သူမအနေဖြင့် လျှိုထားသည့် ဒိုင်ကွက်တို့ ကို သုံးရရုံသာ ရှိခဲ့၏ ။

သို့ ဖြင့် ရှဲ့ကျဲ့ကျီသည် သူမအား အတင်းအကျပ်ခေါ်သွားမည်ဆိုပါက... စီရီဟန်သာ မသေဘူးဆိုလျှင် ရှဲ့ကျဲ့ကျီသည် သူမအား ကျိတ်ချစ်နေ သည်ဟု စီရီဟန်ကို ပြန်ပြောမည်ဖြစ်ကြောင်း...ထို့ ပြင် သူသည် ဒီလိုနေ့ ရောက်လာ မည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး...ရောက်လာသည်နှင့် သူမနှင့် လက်တွဲ နိုင်ဖို့  ကျိတ်ကြံစည်နေခြင်းဖြစ်ကြောင်းကိုပါ စီရီဟန်ကို ပြန်ပြောပြပစ်မည်ဟု သူ့ အား ပြောပစ်လိုက်ရ၏ ။

သူမ တွေးထားသည့်အတိုင်း ရှဲ့ကျဲ့ကျီ၏အမူအရာမှာ အိုးတို့အန်းတန်း ဖြစ်သွားခဲ့လေသည်...

သူမ၏အကြံသည် အတော်လေးဘောင်ကျော်လွန်းသည် ဆိုသော်ငြားလည်း သူ့ အား ဘာမှမတတ်နိုင်ဘဲ လက်လျှော့သွားစေနိုင်ဖို့ လုံလောက်သွားခဲ့လေ သည် ။

အဆုံးသတ်တွင် ရှဲ့ကျဲ့ကျီကို သူမ အမှန်ပင် ခြောက်လှန့် ပစ်နိုင်ခဲ့ပါ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now