စာစဉ် ၅၂ ( ၁၇ - ၂၅ )

4.1K 580 46
                                    

Book. : 52
Chapter. : 17 - 25
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၂၊ အခန်း ၁၇။ အသက်မျှင်းမျှင်းပဲ ကျန်တော့ပြီ

"မင်း ငါမေးတာကို မဖြေရသေးဘူး"

ရီဝမ်ဝမ်၏ မျက်ဝန်းထဲတွင် အေးစက်မှုတို့ ဖြာထွက်နေပြီး နှုတ်ခမ်းထက်တွင်မူ ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ပွင့်က တွဲလွဲခိုနေသည် ။

"ဘာကို ဖြေရမှာလဲ"
လီမိုချန်းက ပြန်အော်ပစ်လိုက်သည် ။

"မင်းကိုယ်မင်း ဘယ်သူများ မှတ်နေတာလဲ ပြောစမ်း"

ရီဝမ်ဝမ်သည် လေသံတိုးတိုးဖြင့် မေးလိုက်သည် ။

လီမိုချန်း ပြောတော့မည် ပြုလိုက်ချိန်
ရီဝမ်ဝမ်သည် လက်ထဲက တူဖြင့် အားပြင်းပြင်းနှင့် ထိုးချလိုက်သည် ။

တခနအကြာတွင် လီချန်း၏အသားကနေ သွေးတို့ တစက်စက် ယိုထွက်ကြလာလေသည် ။

ရီဝမ်ဝမ် ။ "..."

သေစမ်း ၊ ဒီတူက မကောင်းလွန်းဘူးလား ။
ငါက လီမိုချန်းကို ခြောက်ရုံခြောက်ချင်တဲ့ဟာ ၊
ဘာလို့ တကယ်ကြီး ထိုးပစ်မိသွားရတာလဲ ။

သူမလေးကို ကြည့်နေသည့် ကြယ် ခုနစ် ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုတို့ ဖိတ်လျှံလာသည် ။

ဒီမိန်းမက အစ်မ ဖန်း မဟုတ်ဘူးဆိုရင် တတိယအကြီးအကဲကို ဒီလိုမျိုး ရန်စရဲပါ့မလား ။

"မင်း...မင်း ငါ့ကို သတ်ရဲတယ်"

လီမိုချန်း၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ခြင်းတို့ ပေါ်ထွက်လာလေပြီ ။

သူ့ အရှေ့တွင် ရပ်နေသည့် မိန်းမမှာ အမှန်တကယ်ပင် ကိုကြီး ဗိုလ် ဖြစ်ပါသည် ဆိုလျှင်ပင် ကိုကြီး ဗိုလ် ၏ ဥာဏ်ရည်အရ ဖိန့် ဖိန့် တုန် ဂိုဏ်း၏လက်ရှိအခြေအနေကို မည်သို့  နားမလည်ဘဲ နေပါ့မည်နည်း ။

ဂိုဏ်းချုပ် အတုကို ထားဘိဦး ၊ ဂိုဏ်းချုပ် အစစ်သည်ပင်
သူ့ အား ထိုသို့ ဆက်ဆံဝံ့လိမ့်မည် မဟုတ်ဘူး ၊ မဟုတ်ပါလား ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now