စာစဥ် ၅၇ (၉-၁၆)

3.4K 504 56
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  57
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၇၊ အခန်း ၉။ ကြိုက်နေတာလား

ဂျိရှို့ရန်သည် သူ့ကို ခနခန လာတွေ့တတ်သည့် နန် မိသားစုက နန်လင်းလုံကိုပင် ကြည့်ရသူ မဟုတ်ပေ ။

အံ့သြနေမိသူမှာ ထိုမိန်းကလေးပင် မဟုတ် ၊
ရီ၀မ်၀မ်သည်လည်း တအံ့တသြ ဖြစ်နေမိ၏ ။

ငါက ဂျိရှို့ရန်ရဲ့ ကြင်ယာလောင်းဆို…
ဘာလို့ ဂျိရှို့ရန်က ငါ့ကို သူ့သူငယ်ချင်း လဲ…
ဒီမိန်းကလေးနဲ့ ဂျိရှို့ရန်က တစ်ခုခုများ ပတ်သက်နေတာလား ။

“သူက ဂျိလင်းဖေး တဲ့ ၊ ကိုယ့်အစ်မ”

ဂျိ ရှို့ရန်သည် သူမလေး တွေးနေသည်ကို သဘောပေါက်ဟန်ဖြင့် ရှင်းပြလာသည် ။

ရီ၀မ်၀မ် ခေါင်းညိတ်လိုက်ပါ၏ ။

ဂျိ ရှို့ရန် မှာ အစ်မ ရှိနေတာလား…

ဒါပေမယ့် ဒီပတ်သက်မှုကြီးက နည်းနည်းလေးတော့ မရှုပ်နေဘူးလား ။ ငါက ဂျိရှို့ရန်ရဲ့ ကြင်ယာလောင်းဆိုတာကို သူ့အစ်မက မသိနေဘူးလား ။

ဒါမှမဟုတ်…ပိုင်ဖန်း နဲ့ ဂျိရှို့ရန်က တိတ်တိတ်လေး လူမသိသူမသိ စေ့စပ်ထားကြတာလား ။

“၀င်ရအောင်”

ဂျိရှို့ရန်သည် တိုးတိုးလေး ပြောကာ ဂျိ အိမ်တော်ထဲ
ရီ၀မ်၀မ်ကို ခေါ်သွားလေပြီ ။

ရီ၀မ်၀မ်နှင့် ဂျိလင်းဖေးလည်း ဂျိရှို့ရန်အနောက်ကနေ
အိမ်တော်ထဲ အမြန်လိုက်၀င်သွားကြ၏ ။

အိမ်တော်ထဲ ၀င်လိုက်ချိန်တွင် ဂျိ အိမ်တော် အစေခံ များစွာမှာ ရီ၀မ်၀မ်ကို တအံ့တသြ ကြည့်နေကြလေပြီ ။

ထူးဆန်းလိုက်တာ… ဂျိ ဘုရင်က မိန်းမတွေနား မကပ်ဘူးဆိုပြီး နာမည်ကြီးနေတာပါ ။ ဂျိ မိသားစုကို မိန်းကလေးတစ်ယောက် ခေါ်လာတာ ဒါ ပထမဆုံးအကြိမ်ပဲ…

မကြာခင် ဂျိရှို့ရန်သည် သူတို့ကို ဧည့်ခန်းထဲ ခေါ်သွားလေပြီ ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now