စာစဉ် ၃၇ ( ၁ - ၆ )

7K 1K 90
                                    

Book.              :   37
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၇၊ အခန်း ၁ ။ သေခြင်းတရားက တံခါးခေါက်လာပြီ

စီမင်းလိသည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး တန်လုံအား ကြည့်ကာ ။
“တန်လုံ…မင်း အချိန်ကိုက်ရောက်လာသားပဲ - ငါ မင်းကို လူတစ်ယောက်ပဲ ဖမ်းလာခိုင်းတာ…အဲ့ဒါကို မင်းလူတွေက  အကုန်လုံး ရှုပ်အောင်လုပ်တဲ့အပြင် ကလေးတစ်ယောက်ကိုပါ မြင်ခိုင်းလိုက်သေးတယ်”

“ငါ သူ့ ကို နှုတ်ပိတ်ခိုင်းတာကို မင်းလူတွေက ငါ့အမိန့် ကို နားမထောင် ကြဘူး ။ ဒီလိုဆိုမှတော့ ငါ့ဘာသာငါပဲ လုပ်ရတော့မှာပေါ့ ။
မင်းရဲ့ မြည်ဟည်းနေသောနဂါးများ ကြေးစားအဖွဲ့ က နဲနဲတော့ သတ္တိရှိဖို့ လိုနေတယ်လို့  မထင်ဘူးလား”

“ကလေး…”

တန်လုံသည် ရုတ်တရက်ထပြောလာပြီး ချက်ချင်းပင် ကင်မရာဆီသို့  လျှောက်သွားလေပြီ ။

ထိုကောင်ငယ်လေး၏မျက်နှာကို မြင်လိုက်ရသည့်အချိန်တွင် တန်လုံ၏မျက်လုံးတို့  ချက်ချင်း ကျဉ်းကျုံ့ သွားရသည် ။
“နေဦး…”

ဒီကလေး…ငါ သူ့ ကို ဥရောပမှာ မြင်ဖူးနေသလိုပဲ…

နန် မိသားစုရဲ့…အိမ်ရှေ့စံမင်းသားလေး…မလား ။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။

နန် မိသားစုရဲ့ အိမ်ရှေ့စံမင်းသားလေးက ဘာလို့  အဲ့မိန်းမအိမ်မှာ ပေါ်လာရမှာလဲ ။

ထားတော့..ဒါ ငါနဲ့ မဆိုင်ဘူး ။

“သူ့ ကို လွှတ်ပေးလိုက်”

တန်လုံသည် နည်းနည်းလေးမှပင် တွန့် ဆုတ်ခြင်းမရှိဘဲ ပြောလိုက်ချေပြီ ။

စီမင်းလိ၏မျက်ခုံးတို့  တွန့် ကြုတ်သွားသည် ။
“မင်း ဘာပြောလိုက်တယ်”

တန်လုံ ။  “အဲ့ကလေးကို လွှတ်ပေးလိုက်လို့  ပြောတာ”

စီမင်းလိ ဒေါသထောင်းခနဲ ထွက်သွားချေပြီ ။
“တန်လုံ…မင်း ရူးသွားပြီလား”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now