စာစဉ် ၂၉ ( ၇ - ၁၂ )

9.2K 951 46
                                    

Book.              :   29
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၉၊ အခန်း ၇။ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူ

ရီဝမ်ဝမ်၊ သူတို့သုံးယောက်အား ခေါ်သွားသည့်အချိန်၊ ကျန်းဟွာခမျာ သင့်တော်မည့်သူ ရှာမတွေ့ သေးတာမို့ စိတ်မရှည်လက်မရှည်ဖြစ်လာတော့သည့် စုန့်ကျင်းလင်၏အအော်အငေါက်ခံနေရချေ၏ ။

စုန့်ကျင်းလင်သည် ဒေါသထွက်နေချိန်တွင် ကြောက်စရာ ကောင်းလှ၏ ။ ထိုအချိန်ဆို ဘယ်သူကမှ ၀င်မပါရဲကြ ။

“အစ်ကို ကျန်း၊ ရှာတွေ့ ခဲ့ပြီလား”
ရီဝမ်ဝမ်၊ လူသုံးယောက်ကို တစ်ပါတည်း ခေါ်သွား၏ ။

“မရသေးပါဘူးကွာ…”

“အစ်ကို ဒီသုံးယောက်ကို စမ်းသုံးကြည့်ပါလား။ သူတော်စင်လို ၀တ်ထားတဲ့သူက တော်တော်လေး တိုက်ရည်ခိုက်ရည်ရှိတယ်။ လူသေလိုအပ်ရင် ဒီဆံပင်ရှည်ရှည်နဲ့တစ်ယောက်ကို သုံးလို့ရတယ်”

“အားရား၊ ကျေးဇူးတင်လိုက်တာ ဒါရိုက်တာ ရီ ရာ။ ကျွန်တော် ခုချက်ချင်း စမ်းသုံးကြည့်လိုက်မယ်” ကျန်းဟွာခမျာ  ဒီအထိတိုင် မျှော်လင့်ချက်မဲ့နေခဲ့ရသည်မို့ ထိုလူသုံးယောက်ကို ရီဝမ်ဝမ် ခေါ်လာခဲ့ချိန်တွင် သူ့အတွက် အံကိုက်ဖြစ်သွားရ၏ ။ ထို့ကြောင့်၊ များများစားစားဂရုစိုက်နေ ခြင်း မရှိတော့။ သူမကို မြန်မြန်ဆန်ဆန်ပင် ကျေးဇူးတင်စကား ပြောလိုက်တော့၏ ။ သူကတော့ တကယ့်ကို ရေငတ်တုန်း ရေတွင်းထဲ ကျသွားရခြင်းပင် ။ သူ့အနေနဲ့ သူတို့ကို အရင်ဆုံးစမ်းကြည့်မယ်၊ ပြီးတော့မှ အခြေအနေကို အကဲခတ်မည်ပင် ။

လူသေအဖြစ် သရုပ်ဆောင်ပေးနိုင်သည့် ထိုလူအတွက်
ကတော့ ဒါရိုက်တာ ရီ ကို လေးစားမှုပေးတဲ့အနေဖြင့် ထည့်သုံးတယ်ဆိုရုံသာ - သူ့အတွက် ဘာမှ ကုန်ကျမှာလည်း မဟုတ်ပေ ။

ကျန်းဟွာ၊ တခြားနှစ်ယောက်ကို ဦးစားပေးပြီး မေးခွန်းထုတ်လိုက်၏ ။
“မင်းတို့တွေ အရင်က တိုက်ခိုက်တဲ့နေရာမှာ သရုပ်ဆောင်ဖူးကြလား”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now