စာစဥ် ၅၄ (၁၇-၂၅)

3.1K 471 28
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  54
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၄၊ အခန်း ၁၇။ ကိုယ့်အိမ်ကို လာခဲ့ဦး 

တန်တော့….ယန်ရှုန်းကို ရန်စသွားတဲ့ ဟိုမိန်းမက အရိုးခြောက်နဲ့ ဟိုဒင်းဟိုလို ပတ်သက်မှုတွေများ ရှိနေတာလား ။

များစွာသော ရွှေပွဲလာပရိသတ်အပေါင်းမှာ ထိုသို့ တွေးမိကုန်ကြပြီး အမူအရာ ပျက်ယွင်းခြင်းကြီးစွာ ဖြစ်ကုန်ကြလေသည် ။

အော်…လတ်စသတ်တော့ အဲ့ဒီမိန်းမက အရိုးခြောက်နဲ့ ရင်းနှီးနေတာကိုး ။ ဒါကြောင့်မို့…ဒါကြောင့်မို့ ယန်ရှုန်းကို သူ ဒီလို မလေးမစား ဆက်ဆံရဲနေ တာပဲ ။

ယန်ရှုန်းသည်လည်း ရုတ်တရက်ဆိုသလိုပင် မျက်စိပျက်မျက်နှာပျက် နဲ့ မျက်ကလဲဆန်ပြာဖြစ်သွားတော့လေပြီ ။  

"အရိုးခြောက်…မင်း…မင်းကများ မိန်းမတစ်ယောက်အတွက်နဲ့ ငါတို့ ယန် မိသားစု ကို အာခံရဲတယ်ပေါ့လေ ။ မင်း ဒီလိုလုပ်တာကို ဂျိ ဘုရင် သိလား ။ မင်း…စောင့်နေ"

ယန်ရှုန်းသည် ချက်ချင်းပင် အခန်း ၃၀၂ ကနေ ပြေးထွက်သွားပြီး အခန်းအပြင်ဘက်ကနေ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသွားလေ သည် ။

"အစ်ကို ရှုန်း"

အနီရောင်မိန်းမခမျာမှာ ယန်ရှုန်း၏ နံဘေးတွင် ရပ်နေရင်းမှ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားရ၏ ။

"ဖွီ…ငါ အခုချက်ချင်း င့ါရဲ့ ဦးလေး ၄ နဲ့ တိုင်ပြောမယ်"

တစ်ချိန်တည်းမှာပင် အခန်း ၃၀၂ အတွင်း၌ ။ အရိုးခြောက်သည် အမိန့်ကို နာခံစောင့်စားနေသည့်နှယ် ဂျိ ဘုရင် ကို မော်ကြည့်နေ လေသည် ။

"သူတို့နောက် လိုက်မနေနဲ့တော့ ။ တစ်ယောက်ယောက်ကို ခေါ်ပြီး ဒီနေရာကို ရှင်းခိုင်းလိုက်" ဂျိရှို့ရန် ပြောလာပြန်သည်ကား ပြုံးစစဖြင့် ။

အရိုးခြောက်သည် ချက်ချင်းပင် ခေါင်းညိတ်ပြီး အခန်းထဲကနေ ချာကနဲ လှည့်ထွက်သွားလေပြီ ။ တခနအကြာတွင် နိုက်ကလပ်မန်နေဂျာကို သူ ခေါ်ချလာလေသည် ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now