စာစဉ် ၂၆ ( ၁၁ - ၁၆ )

9.9K 983 71
                                    

Book.              :   26
Chapter.          :  11 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၆၊ အခန်း ၁၁။ အရူးပဲ

“ဒါက ရှင့်ရဲ့လုပ်ဆောင်ချက်အပေါ် မူတည်တယ်လေ…”

ဒီလိုရန်စစကားမျိုး ဟောကျွင်းချန်၊ ဘယ်လိုလုပ်ပြီး သည်းခံနိုင် ပါလိမ့်မလဲ။ ချက်ချင်းဆိုသလိုပင် အသံပြင်းပြင်းရှရှ ညည်းကာ သူမလေးပေါ် ခုန်အုပ်ပစ်လိုက်တော့သည်တည့်…

အိပ်ခန်းသည် နောက်ထပ်တစ်ဖန် ချစ်တင်းနှောသံ၊
ညည်းသံတို့ဖြင့် ထုံလွှမ်းသွားပြန်သည်…

လက်ရှိအချိန်တွင် ရှန်းမန်ချီနှင့်ဟောကျွင်းချန်တို့ကြားက စကားတို့ကို နားထောင်လိုက်ရသည့် ရီမူဖန်သည်ကား သူ၏မျက်နှာထက်တွင် အသွေးအရောင်ပင် မရှိတော့။ သူ၏မျက်လုံးတို့သည် ကြောက်စရာ ကောင်းလောက်အောင် နီရဲချိတ်နေပြီး သူ၏ကိုယ်မှာ အကြမ်းပတမ်းပင် တုန်ရီလို့နေလေပြီ။

ဟောကျွင်းချန်၊ ရှန်းမန်ချီ၏ခန္ဓာကိုယ်အား
လောဘတကြီး ဆုပ်ကိုင်လို့နေရင်းမှ ။
“ချစ်လေးရဲ့လည်ပင်းကဟာက ဘာလဲ။ အရင်ကမရှိပါဘူး”

ရှန်းမန်ချီ၊ စက်ဆုပ်ဖွယ်ကောင်းသည့်အရာအား ကြည့်နေရသည့် အလားနှယ် စက်ဆုပ်ရွံရှာစွာဖြင့် ပြောဆိုလာသည်  ။
“အင်း၊ ဒါလား ။ အဲ့ဒီကျက်သတုံးကောင် ရီမူဖန် ပေးထားတာ။
ဟီးဟီး...ဘာပြောလဲသိလား ။ အဲ့ဒီအမှိုက်ကောင်ကလေ ချစ်ကို လက်ထပ်ချင်တယ်တဲ့ - ဟာသပဲ”

ဟောကျွင်းချန်၊ ရယ်မောချလာချေပြီ ။
“ဟားဟားဟား…သူက တကယ့်အရူးပဲ။ အကြံအစည်ရှိနေလို့ ကိုယ့်အတွက် နောက်ကျတဲ့အထိ ဒီဇိုင်းဆွဲပေးနေတာကိုး”

“ဟားဟား…”
ရှန်းမန်ချီသည်ကား အလွန်တရာပင် စိတ်ကျေနပ်လို့နေလျက် အတောမသတ်နိုင်အောင် ရယ်လို့နေလေသည် ။

ဟောကျွင်းချန်၊ ရှန်းမန်ချီ၏လည်ပင်းဆီက ဆွဲကြိုးကို ဆွဲဖြုတ်ပစ်လိုက်တော့ပြီး ကြမ်းပြင်ပေါ် ပစ်ချပစ်လိုက်တော့၏။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now