စာစဉ် ၂၉ ( ၂၅ - ၂၈ )

8.5K 917 37
                                    

Book.              :   29
Chapter.          :  25 - 28
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၉၊ အခန်း ၂၅။ သူကြိုက်တဲ့ မိန်းကလေးပုံစံ

“တောင်း-တောင်းပန်ပါတယ် ။ ကျွန်မ ရှင့်ကို ဒုက္ခပေးမိပြီလားဟင်” ရှန်းမန်ကျူ၊ တောင်းပန်လာသည် ။

“ရပါတယ်၊ ကျွန်တော် ရှင်းပြလိုက်ပါမယ်”
ရီဝမ်ဝမ်၊ သူမလေးအား တစ်ရှူးကမ်းပေးလိုက်၏ ။

အချိန်တခနကြာပြီးသည့်နောက် ။

ရှန်းမန်ကျူ၊ ရုံးခန်းကနေ ထွက်လာသည်နှင့် ။

စိတ်ပူတမမဖြင့် စောင့်လို့နေသည့် ကုန်ရွှီ ။
သူမ ထွက်လာတာကို မြင်လိုက်သည်နှင့် ဓားပြတစ်ယောက်နှယ် သူမအား တိတ်ဆိတ်သည့် ထောင့်တစ်ထောင့်ကို အတင်းဆွဲခေါ်သွားတော့ပြီး။
“အားရား၊ ရှန်းမန်ကျူက အစ်ကို ရီ ကို ကျိတ်ကြွေနေ တာကို ငါ မသိခဲ့ရပါလား၊ အာ”

ရှန်းမန်ချီ၊ ငြင်းပယ်ခံထားရသည်မို့ စိတ်ကြည်သာခြင်း မရှိပေ။ သူမ၊ သူ့အား စိုက်ကြည့်လိုက်တော့ပြီး ။
“ကျွန်မ ချစ်လို့မရဘူးလား”

“ရပါတယ် ရပါတယ် ရပါတယ်၊ မင်း ချစ်လို့ရပါတယ်ဗျာ။
အစ်ကို ရီ က အရမ်းကိုချောလွန်းတာ ငါတောင်မှ ဟတ်ထိမိတဲ့အထိပဲဟာ ။
မင်း သူ့ကို ကျိတ်ချစ်မိသွားတာ ဘာမှကို မဆန်းပါဘူးဗျာ ။
ဒီတော့ အခြေအနေဘယ်လိုလဲ”

ကုန်ရွှီ၊ အစတစ်ခုခု ရဖို့ရာ ဆွဲထုတ်ဖို့ ကြိုးစားနေခြင်းပင် ။

ရှန်းမန်ကျူ၏မျက်နှာ ပျက်ယွင်းသွားရ၏ ။
သူမ၏အမူအရာကို ကြည့်ရရုံနှင့် အခြေအနေမကောင်းမှန်း
သူ သိလိုက်ပါပြီ ။

“ဒါရိုက်တာ ရီ က မိန်းမတွေကို လုံးဝ စိတ်မ၀င်းစားဘူး တဲ့…”

ကုန်ရွှီ ။ “…”

ရှန်းမန်ကျူ ပြောလာတာကို ကြားလိုက်သည့်အခါ၊
ကုန်ရွှီ စိတ်ထဲ ပြောလိုက်မိသည်မှာ…
ဟုတ်တာပေါ့၊ သူက ယောကျာ်းတွေပဲ ကြိုက်တာလေ၊ ငတုံးရ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now