စာစဥ် ၅၆ (၁၇ - ၂၅)

3K 543 118
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  56
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၆၊ အခန်း ၁၇။  အကြီးကြီး လုပ်တော့မယ်

ရီ၀မ်၀မ် စိတ်အရှုပ်ကြီး ရှုပ်ထွေးသွားလေပြီ ။

အမည်မရှိသောနန်နှင့် သူတော်စင်သည် လွတ်လပ်သောနယ်မြေကို ပြန်ရောက်လာချိန်တွင် စီရီဟန်သတင်းကို ရခဲ့သည်ဟု ပြောသွားသည် ။

စီရီဟန်က စီ ကလန်သား ဖြစ်နိုင်လောက်သည်တဲ့ ။

သို့သော်…ပလ္လင်ထက်က ယောကျာ်းသည် တစ်ခေါင်းလုံး ဖြူနေတာကလွဲလျှင် စီရီဟန်နဲ့ တစ်ပုံစံတည်း ဖြစ်နေပါရော့လား ။

ရီ၀မ်၀မ် ချက်ချင်း ရှေ့တက်သွားပြီး မေးပစ်လိုက်ချင်သော်လည်း…
သူမက မတုံးသေးပေ ။ ဒီလိုနေရာမျိုးမှာ သူမကိုယ်သူမ ဖော်ထုတ်ပစ်လို့ မရနိုင်ပေ ။

ရီ၀မ်၀မ် နားမလည်နိုင်သည့် တစ်ချက်လည်း ရှိနေသေး၏ ။ ပလ္လင်ထက်ကယောက်ျားသည် သူမနှင့် မျက်လုံးချင်း ဆုံသွားပါရဲ့နဲ့
အဘယ်ကြာင့် သူမကို မမှတ်မိလေသနည်း…
သူသည် စီရီဟန် ဆိုပါလျှင် အဘယ်ကြောင့် မည်သည့်အမူအရာမှ ပြမလာလေသည်နည်း… ။

“လျို့ဝှက်ဆန်းကြယ်တဲ့ အရှင် နတ်ဆိုးက ဒီနေ့ လျို့လျို့ဝှက်ဝှက် မနေတော့ဘဲ လူရှေ့သူရှေ့ကို ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…အရှင် နတ်ဆိုးက အားလုံးရဲ့နောက်ကွယ်မှာ နေနေရာကနေ ဇာတ်ခုံရှေ့ လူလုံးထွက်ပြတော့မယ့်ပုံပဲ ။ တစ်ခုခုတော့ ကြံနေပြီနဲ့တူတယ်” ဆံကောက်နဲ့ယောကျာ်းက ပြောသည် ။

ပလ္လင်ထက်တွင် ရှိနေသည့် ယောကျာ်းသည် ရီ၀မ်၀မ်ရှေ့ ပေါ်သွားမှာ စိုးကာ ချက်ချင်းပင် မျက်စိလွှဲလိုက်ပြီး တခြားသူများကို လိုက်ကြည့်နေတော့ရင်း..

“ဖူ့ ကြီး”

စီရီဟန်က သူ့နံဘေးက ဘဏ္ဍာစိုးကို ခေါ်လိုက်သည် ။

“အရှင်…ဘာအမိန့် ရှိမလို့ပါလဲ”

အဘိုးကြီး ဘဏ္ဍာစိုး ၊ ဖူ့ကြီးက အမြန် အရှေ့တက်လာသည် ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now