စာစဉ် ၂၅ ( ၅ - ၁၆ )

15K 1.1K 157
                                    

Book. : 25
Chapter. : 5 - 16
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၅၊ အခန်း ၅။ လာလာလုတဲ့သူ

ကုန်ရွှီ၊ နောက်ဆုံးတော့ ရီဝမ်ဝမ်ဆီကနေ
ဂုဏ်ထူးမှတ်ရဖို့ ကြိုးစားနေခြင်းကို ရပ်တန့်လိုက်တော့ပြီး ။
"အစ်ကို ရီ၊ ကျွန်တော် အတန်းလုံးဝ မပျက်ဘဲနဲ့ ဆရာ့ဆီကနေ လိမ်လိမ်မာမာနဲ့ ကြိုးကြိုးစားစားလေး သရုပ်ဆောင်လေ့ကျင့် နေတယ်နော် !"

ထန်ရှင်းဟျော်၏အမူအရာ ။ "..."

ဘာရယ် ?

မင်း ခုနတုန်းကတော့ ငါ့ကို အော်ငေါက်နေလိုက်တာ။ မင်းကကျတော့ တိတ်တိတ်လေး သင်တန်းတက်နေတယ် - မင်းမှာ အရှက်တရားရော ရှိသေးရဲ့လား ?

ထန်ရှင်းဟျော်၊ ထပ်နားထောင်နိုင်စွမ်း မရှိတော့ ။
"သောက်ကျိုးနဲ ! ကုန်ရွှီ၊ မင်း အရှက်ရောရှိသေးရဲ့လား ? ဘယ်သူကပြောခဲ့တာလဲ..."

စကားအကုန် မပြောလိုက်ရသေးခင်ပင်၊
ကုန်ရွှီ၊ ထန်ရှင်းဟျော်၏လည်ပင်းအား သိုင်းလိုက်တော့ပြီး
သူ့ဘေး ဆွဲခေါ်လိုက်တော့ရင်း ။
"ပါးစပ်ပိတ် ! မင်း ငါ့ကို ရောင်းစားရင် ငါ မင်းနဲ့ အပြတ်ပဲ !"

ကုန်ရွှီအား တွန်းထုတ်ပစ်လိုက်ပြီး အကျီင်္ကို သေသပ်အောင် ပြန်လုပ်လိုက်သည့် ထန်ရှင်းဟျော် ။ "မင်း ဘာဖြစ်သွားတာလဲ ? ဘာဖြစ်လို့ အဲ့ကောင်အပေါ်မှာ အရမ်းတွေလေးစားပြနေရတာလဲ ?"

ကုန်ရွှီ၊ မက်မွန်ပန်းလေးတွေ သူ့မျက်လုံးထဲ ပေါ်လာပြီး၊
တစ်ခုခုကို အမှတ်ရမိသွားသည် ။ ငေါက်ငမ်းပြောဆိုလိုက်တော့သည် ။
"မင်းအလုပ်ပဲ မင်းလုပ်စမ်းပါ ! ငါ့အတွက်နဲ့ ဘာမှမပျက်စီးသွားစေနဲ့ဦး ! ငါက အခုကစပြီးတော့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးကြိုးစားလုပ်တော့မှာ ! မင်းလို မှတ်နေလား !"

လုံးဝအတိ စကားမပြောနိုင်ဖြစ်သွားရတော့သည့်
ထန်ရှင်းဟျော် ။ "မင်း ရှက်ကောရှက်တတ်သေးရဲ့လား ?"

တစ်ဖက်တွင်၊ ရီဝမ်ဝမ်၊ ဟန်ရှန်းယွီအား နှုတ်ဆက်လိုက်ရုံရှိသေး။ တစ်ယောက်ယောက်သည် သူတို့စကားဝိုင်းထဲ ၀င်ချလာသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now