စာစဉ် ၅၉ (၉-၁၆)

4.6K 591 50
                                    

Book.              :  59
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၉၊ အခန်း ၉။ အသက်ရှင်နေသေးတုန်းပဲ

“ကျိန်ဆို ကျိန်ရဲပါတယ် ၊ အခု ပြောသွားတာတွေက အမှန်တွေပါ ၊ ရှင်တို့ကို ညာပြောတာ တစ်လုံးမှ မပါပါဘူး … ရှင်တို့တွေ သူ့ ရုပ်ရည်ကြောင့် အလိမ်မိမခံကြပါနဲ့”

လျန်လီဟွာသည် သူမ ဖုန်းထက်က ပုံကို ဆွဲချလိုက်ပြီး ရီဝမ်ဝမ်၏ ယောကျာ်းတစ်ယောက် လက်ကို ကိုင်ကာ ကျောင်းဆင်းပွဲ လုပ်နေသော ဓာတ်ပုံကို ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်အား ဖွင့်ပြလိုက်လေသည် ။

ခုနစ်စင်ကြယ် နှင့် ကြယ်ခုနစ်သည် ဖုန်းကို ဇွက်ကနဲ ယူလိုက်ပြီး ပုံတွေကို လိုက်စစ်တော့သည် ။

ခုနစ်စင်ကြယ် မဆိုစလောက်လေး မျက်မှောင်ကြုတ်လာလေပြီ ။ နေရာကား တရုတ်ပြည် ၊ ချင်းဟော် အထက်တန်းကျောင်း နေရာ ၊ ထိုပုံထဲက ကျောင်းဆင်းပွဲလုပ်နေသည့် မိန်းမသည်လည်း
အစ်မ ဖန်း နှင့် တစ်ထေရာထဲ ။

“အစ်မ ဖန်း ရော ဟုတ်လို့လား”
ခုနစ်စင်ကြယ်ကား ယုံမှားသံသယ ဖြစ်နေလေဟန် ။

“ဘယ်က အစ်မ ဖန်း လဲ ၊ ရှင်တို့ သူ့ လိမ်ဆင်ထဲ ကျနေတာပါဆို ။ အဲ့ကောင်မလေးနာမည်က ရီဝမ်ဝမ်”

လျန်လီဟွာက ချက်ချင်း ပြန်ငြင်းသည် ။

“အဟွန့် ၊ ဒီပုံက ဖိုတိုရှော့ လုပ်ထားတာ နေမှာပေါ့”

ခုနစ်စင်ကြယ်သည် ဒေါသတကြီးဖြင့် အော်ငေါက်ပစ်ကာ ထိုဖုန်းကို အားလုံးရှေ့တွင်ပင် ရိုက်ခွဲပစ်လိုက်တော့သည် ။

“ဖောင်း”

အသံကြီးတစ်သံ လွှင့်ထူလာပြီး ဖုန်းခမျာ တစစီ ကြေမွသွားရှာပြီ ။

တတိယအကြီးအကဲ သည် ထိုကွဲကြေနေပြီဖြစ်သည့် ဖုန်းကို တစ်ချက်သာ ကြည့်လိုက်ပြီး အရေးကား မလုပ်ပါချေ ။
သူသည် ထိုကျောင်းဆင်းပွဲပုံကို ကူးယူထားပြီးသား ဖြစ်သဖြင့် ၀မ်ကျီရန် မေးလာသည့်အခါကျ ထိုပုံကို သူ ထုတ်ပြလိုက်ရုံသာ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now