စာစဉ် ၆၀ (၁၃-၂၅)

3.5K 536 60
                                    

Book.              :  60
Chapter.          :  13 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၀၊ အခန်း ၁၃။  ကိုယ့်ကိုယ်ကို လေးစားပါ

“ကြည့်ရတာ ဂိုဏ်းချုပ် ပိုင် ရဲ့ ဂျိဘုရင်အပေါ် ခံစားချက်တွေက အဲ့ဒါလုပ်ဖို့အတွက်ပဲနဲ့ တူတယ်”

ထိုယောကျာ်းသည် သူ၏ နက်ရှိုင်းလှသောမျက်ဝန်းတို့ဖြင့် ရီဝမ်ဝမ်ကို ကြည့်နေလေသည် ။

“ကြီးမြတ်လှတဲ့ အရှင် နတ်ဆိုးက ဘာကို ပြောချင်တာလဲ” ရီဝမ်ဝမ်သည် ပျော်ရွှင်မြူးတူးစွာဖြင့် မေးလိုက်သည် ။

“ညကြီးအချိန်မတော် ကျွန်တော့်အခန်းထဲ ဂိုဏ်းချုပ် ပိုင် ခိုးဝင်လာရတဲ့အကြောင်းရင်းကို သိလို့ရမလား”
ထိုယောကျာ်းက ရှုတည်တည်ဖြင့်သာ ပြန်မေးသည် ။

ရီဝမ်ဝမ် ပြုံးလိုက်ပြီး သူ့ ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး
သူ့ နားနား ကပ်ကာ ပြောလိုက်၏ ။ 
“အာ .. ကျွန်မက အာဏာထက် အလှလေးတွေကို ပိုချစ်တယ်လေ … အရှင်နတ်ဆိုးက ကျွန်မအကြောင်းကို မသိထားဘူးလား”

သူ နှင့် ရီဝမ်ဝမ်အကြားတွင် လက်မ၀က်သာလျှင် ခြားလေပြီ ။ ခန္ဓာကိုယ်နှစ်ခုမှာ ထိကပ်မိလုနီးနီး ။ သူမလေး၏ ကိုယ်သင်းရနံ့ကိုပင် သူ ရနေလေပြီ ။

မနည်းမြိုသိပ်ကာ ချွန်းအုပ်ထားခဲ့ရသည့် စိတ်ရိုင်းကြီးမှာလည်း ရုန်းထွက်ချင်လာလေပြီ ။

“ကိုယ့်ကိုယ်ကို လေးစားမှုရှိပါဦး ဂိုဏ်းချုပ် ပိုင်”

ထိုယောကျာ်းသည် လိုချင်တပ်မက်မှုတို့ကို အတင်းမြိုသိပ်ချကာ ဘာမှ မဖြစ်လေသည့်ဟန်ဖြင့် ရီဝမ်ဝမ်ကို ကြည့်လိုက်၏ ။

သူမလေး၏ ထိုကဲ့သို့ ရဲတင်းလှသော အပြုအမူကနေ သူသည် စိတ်ပါမသွားအောင် မနည်းထိန်းချုပ်နေရ၏ ။

“ကိုယ့်ကိုယ်ကို လေးစားပါ … လား ။ အရှင်နတ်ဆိုး ပြောနေတဲ့ ကိုယ့်ကိုယ်လေးစားပါ ဆိုတာက ဘယ်လိုဟာကို ပြောတာလဲ မသိဘူး …”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now