စာစဉ် ၃၄ ( ၁၉ - ၂၅ )

8.1K 1K 182
                                    

Book.              :  34
Chapter.          :  19 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၄၊ အခန်း ၁၉ ။ ကုမ္ပဏီက ထွက်သွား

အစောနက ဟန်ရှန်းယွီသည် ရီပိုင်၏ Weibo ပို့စ်အား
ရှဲ ခဲ့သည့်ကိစ္စသည် အတောလေးပွက်လောရိုက်နေလေပြီ ။

[၀ိုး ၀ိုး ၀ိုး…နတ်သားလေး ရှန်းယွီက အကြာကြီး ပျောက်နေပြီးမှ နောက်ဆုံး တော့ Weibo ပေါ် တက်လာပြီဟ ။ ခန ခနလေး…ငါ ဘာမြင်လိုက်ရတာလဲ ။ နတ်သားလေးက နတ်ဘုရားများခေတ်ရဲ့သူဌေး၊ ရီပိုင် တင်ထားတာကို ရှဲလိုက်တာလား]

[ကျားတွေက တောမှာပျော်မွေ့ ပြီး နဂါးတွေက ပင်လယ်မှာ ပျော်မွေ့ တယ် - ဒီစကားလုံးလေးက ခန့် ညားလိုက်တာဟာ ။ ဟန်ရှန်းယွီကတောင် ဒီလို ပြောရတယ်ဆိုရင် အဲ့ဒီတစ်ယောက်က တော်တော်ကြီးကို ထူးခြားလို့ ပဲ ဖြစ်ရမယ်..ဟီးဟီး]

[ငါကတော့ နတ်သားလေး ရှန်းယွီ ထောက်ခံပေးတဲ့လူတိုင်း ကို ထောက်ခံဖို့ အသင့်ပဲ၊ ငါ ရီပိုင်ဘက်က အားပေးမယ်]

[“မင်း ငါ့ကို လိုအပ်တယ်ဆိုရင် ငါ မင်းဘေးမှာ အမြဲရှိပေးနေမယ်’’ဆိုပဲ ။ ဒီစကားကိုတော့ အရမ်းကို ကြွေသွားပြီ…။ အားးးးး…အခုက နောက်ထပ် အတွဲတစ်တွဲကို ကြည့်နေရသလိုမျိုးပါလား]

[အားလားလား၊ သောက်ကျိုးနဲ မိုက်တယ်ဟ ။ နေစမ်းပါဦး… နတ်သားလေး ရှန်းယွီရဲ့အရမ်းကို တရင်းတနှီးနိုင်တဲ့ ဂေး ပါတနာ ဆိုတာက ကိုကို ရီပိုင် တော့ မဟုတ်လောက်ပါဘူးနော် ။ ၀ါး…တကယ် ဒီလိုသာဆိုရင်တော့ ဒါ တကယ့်ကို အချစ်စစ်ပဲ]

….

ကလေးမုဒိန်းကျင့်ခြင်းဆိုသည့်ကိစ္စ ပြီးဆုံးသွားကတည်းက ဟန်ရှန်းယွီသည် သရုပ်ဆောင်ခြင်းတွင် အားစိုက်ထားပြီး
လူရှေ့ နှင့် မီဒီယာရှေ့ တွင် ပေါ်လာခဲသွား၏ ။
သူသည် Weibo ပေါ်တွင်ပင် ပို့ စ်ကောင်းကောင်း တင်ခြင်း သိပ်မရှိတော့ပေ ။ သူ တင်သမျှ ရှားရှားပါးပါး
ပို့ စ်တိုင်းသည်လည်း အမြဲတစေ တစ်ယောက်သောသူအား ရည်ညွှန်းထားသည်ချည်းသာ ဖြစ်သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now