စာစဥ် ၅၅ (၁၇ - ၂၅ )

3K 466 42
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  55
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၅၊ အခန်း ၁၇။ ဘယ်သူ့ကိုမှ ရန်စလို့ မရဘူး 

အရှင် နတ်ဆိုး၏ ထိုဖိတ်ကြားလွှာကြောင့် ရီ၀မ်၀မ် မျက်နှာပျက်သွား၏။ သို့သော် ထိုအခြင်းအရာကို သူမနည်းသူမဟန်ဖြင့် သိထားပြီးသားသာ။

အရှင်နတ်ဆိုးသည် ဂိုဏ်းခေါင်းဆောင်တော်တော်များများကို
အစည်းအဝေး တက်ဖို့ ဖိတ်ကြားထားခြင်းကြောင့် ထိုကိစ္စကို သိုင်းပညာအစည်းအရုံးကလည်း မသိဘဲ နေလိမ့်မည် မဟုတ် ။

ထိုအချက်မှာ ဖိန့်ဖိန့်တုန် ဂိုဏ်းအတွက် နတ်ဆိုးကို ချောင်းမြောင်းတိုက်ခိုက်ဖို့ရာ အခွင့်ကောင်းတစ်ရပ် ဖြစ်နိုင်သည်ဟုပင် သိုင်းပညာအစည်းအရုံးက မြင်ပေလိမ့်ဦးမည် ။ ထို့ကြောင့် သူမသာ သွားမတက်လျှင် အရှင်နတ်ဆိုး က သူမကို ငရဲပို့ခြင်းမပို့ခြင်းကို ထားဘိဦး ။ သိုင်းပညာအစည်းအရုံး၏ စမ်းသပ်စစ်ဆေးမှုကို သူမ မအောင်မြင်မှာတော့ မုချတည်း ။

အခုလက်ရှိတွင် ၊ သူမ တည်ထောင်နေပြီ ဖြစ်သည့် သေခြင်းတရား၏နှင်းဆီ မှာ အသီးအပွင့်တို့ မဖူးပွင့်လာသေး ။ လူခေါ်နေခြင်းမှာလည်း တိုးတိုးတိတ်တိတ် လုပ်နေရခြင်း ဖြစ်၍ သိပ်အခြေမသွက်သေး ။

အခုချိန်တွင် သိုင်းပညာအစည်းအရုံးကို ရန်စခြင်းကော
နတ်ဆိုးကို ရန်ပြုခြင်းကော သူမအဖို့ ဘယ်ဟာမှ မကောင်းနိုင် ။

“အစ်မ ဖန်း…ကျွန်တော်တို့ ဖိတ်ကြားလွှာကြီး ရထားပြီ ဆိုမှတော့ မသွားလို့တော့ မကောင်းလောက်ဘူး ။ သိုင်းပညာအစည်းအရုံးက လူတွေကလည်း ဒီတစ်ခေါက် အခွင့်အရေးကို အသုံးချပြီး တိုက်ခိုက်ဖို့ ပြောနေတယ်”

ခုနစ်စင်ကြယ်က ရီ၀မ်၀မ်နား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် ။

ရီ၀မ်၀မ်လည်း ထိုသည်ကို ကြားပြီး ခေါင်းအသာညိတ်ပြလိုက်၏ ။
ထိုသည်ကို သူမလည်း သိတာပေါ့ ။

အစတုန်းကတော့ ဒီအခွင့်အရေးကို အသုံးချပြီး ဖိန့်ဖိန့်တုန် ဂိုဏ်းမှ သူမ ထွက်ပြေးမလို့ပင် ။ သူမ ထွက်ပြေးသွားပြီးပြီဆိုတာနဲ့ ဘာဆိုဘာကိုမှ ထပ်အာရုံစားနေစရာ အကြောင်း မရှိတော့ပြီ မဟုတ်ပါလား ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now