စာစဉ် ၃၅ ( ၇ - ၁၂ )

7.6K 1K 51
                                    

Book.              :  35
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၅၊ အခန်း ၇ ။  အခြေအနေဘယ်လိုလဲ

ထိုညတွင် ကုန်ရွှီသည် သူ့ သူငယ်ချင်းတစ်ဖွဲ့ ကို ခေါ်ပြီး ဘားတွင် သွားသောက်စား၏ ။

“ရေး….ငါက အမြဲတမ်း တစ်ကိုယ်တည်းသမား၊ စင်ဂယ်၊ အထီးကျန်သမား လေး ဖြစ်ခဲ့ရပြီ။ ညတွေက မှောင်မိုက်ပြီး တိတ်ဆိတ်တယ်၊ ငါ့ရဲ့ငိုကြွေးသံကို ဘယ်သူ ကြားနိုင်မလဲ…” ကုန်ရွှီသည် မိုက်ကရိုဖုန်းကို ပိုက်ထားလျက် စိတ်ထဲရှိသမျှ ဖွင့်အံဟစ်ကြွေးနေသည် ။

ယောက်ျားနှစ်ယောက် တွဲနေကြခြင်းသည် သူ့ အား နာကျင်ခံစားရခက်စေ မည်ဟု သူ မထင်ထားခဲ့မိပေ ။

“အာ..တော်လောက်ပြီ ။ စာသားတွေက အဲ့လိုကော ဟုတ်လို့ လား”

ထန်ရှင်းဟျော်သည် ကုန်ရွှီ၏ငှက်ဆိုးထိုးသံကျသည့် သီချင်းဆိုသံကြောင့် အရက်တို့  ထွေးထုတ်မိလုနီးနီးပင် ။ ငိုရခက်ရယ်ရခက်ဖြစ်နေမိလျက် ကုန်ရွှီ၏ပုခုံးပေါ် သိုင်းဖက်ထားရင်း ။
“ခွေးသားကြီး ကုန်…မင်းက စင်ဂယ်ရော ဟုတ်တော့
လို့ လား ။ အဲ့ဒီ သကြားလုံးဆိုလား ချိုချဉ်ဆိုလား…အဲ့လောက်တောင် ချောတာလား”

“ငါ့ရဲ့သကြားလုံးလေးကို မစော်ကားနဲ့ ”
ကုန်ရွှီသည် ချက်ချင်းပင် အစားအစာအား ကာကွယ်ထားသည့်ဝံပုလွေပေါက်စနှယ်
သူ့ အား ကြည့်လာသည် ။
“သောက်ခွေးဝဲစား ထန်…ငါ့ဘ၀မှာ ငါ ဘာကို အလိုချင်ဆုံးလဲ သိလား”

ထန်ရှင်းဟျော် မျက်ခုံးပင့်တက်သွားသည် ။
“ဘာများလဲ”

ကုန်ရွှီ ။  “ငါ့မှာ မရှိသေးတဲ့ဟာ…”

ထန်ရှင်းဟျော်၏ခေါင်းပေါ် မိုးသားတို့ အုံ့မှိုင်းလာသည် ။
“စိတ်ပျက်စရာကြီး…မင်းက စိတ်လှုပ်ရှားတာကို လိုချင်တယ်…”

ကုန်ရွှီ ပြောလာသည် ။
“မင်း ဘာသိလို့ လဲ ။ အဲ့လောက်ရိုးရိုးရှင်းရှင်းလေး ဟုတ်မလားကွ ။ မင်းရဲ့အစ်ကိုကြီးက ရင်ခုန်ချင်နေတာကွ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now