စာစဉ် ၂၆ ( ၂၃ - ၂၉ )

9.7K 1K 37
                                    

Book.              :   26
Chapter.          :  23 - 29
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၆၊ အခန်း ၂၃။ ဘေးနားလာ

“ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းစကားပြောကြရုံပါ။
ဖေဖေ၊ မေမေ၊ သွားကြရအောင်”
ရီဝမ်ဝမ်သည် သူမ၏မိခင်မှာ လျန်မေးရွှမ်းနှင့် ရီယီယီတို့ကြောင့် စိတ်မသက်မသာဖြစ်နေမှာ စိုးရိမ်ကာ ကြာကြာနေလိုခြင်း မရှိချေ။

သူတို့ ထွက်သွားကြတော့မည်ရှိသေး။
လျန်မေးရွှမ်း၊ ရုတ်တရက်ကြီး
ရီရှောင်ထင်းအား လှမ်းခေါ်လိုက်လေ၏။ 
“ရီ ရှောင် ထင်း”

ရီရှောင်ထင်း၊ ခြေလှမ်းတို့ တုံ့သွားရတော့သည် ။

လျန်မေးရွှမ်း၊ အေးစက်စွာဖြင့် ပြောဆိုလာသည် ။
“အဲ့ဒီအချိန်တုန်းက ရှင်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တရစေရမယ်”

ရီရှောင်ထင်း၊ ချာကနဲ လှည့်လာပါ၏ ။
သူ၏အကြည့်တို့သည် နွေးထွေးမှုဆံခြည်တစ်မျှင်လေး မျှပင်မပါ၊ လုံးဝအတိ အေးစက်လို့နေလျက် ။
“ငါ ချခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက် ပြီး ငါ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ငါ နောင်တရခဲ့မယ်ဆိုရင်လည်း ငါတို့ရဲ့မိသားစုထဲကို မင်းကိုနေခွင့်ပေးပါလို့ ၀မ်ကျွင်းတောင်းဆို ခဲ့တာကို ခွင့်ပြုပေးခဲ့မိတာကိုပဲ၊ အိမ်ထဲကို ၀ံပုလွေတစ်ကောင် ၀င်ခွင့်ပြုလိုက်မိတာကိုပဲ”

“ရီ ရှောင် ထင်း၊ ရှင်…”

ရီရှောင်ထင်းကား လျန်မေးရွှမ်းအား လျစ်လျူရှုပစ်လိုက်၏ ။
သူ၏ဇနီးနှင့် သမီးလေးကို ခေါ်ကာ အနောက်ကိုတစ်ချက်မှ ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားတော့သည် ။

…..

သူမ၏မိဘတို့ကို အိမ်ပြန်ပို့ပြီးသွားသည့်နောက် ၊ ကားထဲတွင် ။

အစောနက သူမတို့၏မိဘတို့သည် ကားထဲတွင် ရှိနေကြသည်မို့ စကားပြောဖို့ရာ အဆင်မပြေခဲ့ပါချေ။
သို့သော်၊ ယခုတော့ သူတို့ ထွက်သွားကြပြီဖြစ်လေရကား၊
ရီမူဖန်၊ မကျိန်ဆဲဘဲ မနေနိုင်တော့ ။
“ဖေဖေနဲ့မေမေကြောင့်သာ မဟုတ်ရင် ငါ ညစာသွားစားမှာ မဟုတ်ဘူး - အရမ်းကို ရွံဖို့ကောင်းလိုက်တာ။ ဟုတ်သားပဲ။ ၀မ်ဝမ်၊ ဘာတွေဖြစ်ပျက် ခဲ့သလဲဆိုတာကို ကိုကိုတို့ မေမေနဲ့ဖေဖေကို ပြောပြလိုက်သင့်လား”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now