စာစဉ် ၄၁ (၁၉-၂၂)

5.8K 895 24
                                    

Book.              :   41
Chapter.          :  19 - 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၁၊ အခန်း ၁၉ ။  နေ့ ခင်းကြောင်တောင် ဓားပြတိုက်ခြင်း

ဒန်းစီးပြီးသည့်နောက် ရီဝမ်ဝမ်သည် ငြိမ်မသွားဘဲ တန်တန်နှင့် ဖြူကောင်ကြီးကို ခေါ်ကာ မှိုများ ထွက်ရှာသည်၊ သစ်ဥသစ်ဖုများ ကောက်သည် ၊ ငှက်သိုက်များ လိုက်ရှာတော့သည် ။

သူမ ပြသနာထပ်ရှာမည်စိုးသဖြင့် စီရီဟန်သည် တစ်ချိန်လုံးလုံး ထပ်ကြပ်မကွာဘဲ အနောက်က လိုက်ပါပေးနေ၏ ။

ညနေဘက် အိမ်တော်ဆီ ပြန်လာသည့်အချိန်တွင် လူသုံးယောက်နှင့် ကျားဖြူကြီးတစ်ကောင်မှာ ဖုန်အလိမ်းလိမ်း၊ မြက်အလူးလူး ဖြစ်နေလေပြီ ။

ရီဝမ်ဝမ်သည် စီရီဟန်ကို တန်တန်ကို ရေမိုးချိုး အ၀တ်အစားလဲ ပေးခိုင်းပြီး သူမသည်ကတော့ တစ်နေ့ တာအမှတ်တရပုံများကို ထုတ်ကြည့်နေသည် ။

ဓာတ်ပုံများကြည့်နေစဉ် နိုတီအသစ်များစွာ သူမဖုန်းထဲမှ ထွက်လာကြ၏ ။

“သိုင်းပညာရှင်ကြီးတစ်ယောက်က အပြင်မှာ ပွဲတစ်ပွဲဆင်နွှဲထားတယ် တဲ့ ။ ဘာလား”

အမ်…သိုင်းပညာရှင်ကြီး…ဟုတ်လား ။

ဧကန္တ…

ရီဝမ်ဝမ် သတင်းကို ဆက်ဖတ်ကြည့်လိုက်ရာ…
သတင်းအသစ်တစ်ပုဒ်ကို တွေ့ လိုက်၏ ။

“ ‘၀ုန်းလိုက်စမ်း’ ၊ ‘အံ့ဖွယ်ပြိုင်ပွဲ’ ၊ ‘သူရဲကောင်းတို့ ရုန်းစမ်း’  အစရှိသည့် တီဗွီဗာဟီရစွယ်စုံရှိုးပွဲများတွင် အရင်ကအသီးသီး ရထားခဲ့ကြသည့် စံချိန်များကို ချိုးဖျက်ကာ မယုံနိုင်စရာစံချိန် တစ်ခုတင်ထားခဲ့သည့် စူပါမန်းတစ်ဦး ပေါ်ထွက်လာခြင်း” ဟူ၍ ရေးသားထား၏ ။

ထိုဆောင်းပါးအောက်တွင် ၀ိုင်းကာမှတ်ချက်ပေးထားကြသည် ။

“သောက်ကျိုးနဲ…အရမ်းမိုက်လှချည်လား ။ တိုင်းပြည် M ရဲ့ အံ့ဖွယ်ပြိုင်ပွဲ ကို ၁၁ မိနစ်ထဲနဲ့  အနိုင်ရတယ်လား ။
သူ လူရောဟုတ်သေးရဲ့လား”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now