စာစဉ် ၄၆ (၁-၁၄)

5.9K 766 62
                                    

Book.              :  46
Chapter.          :  1 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၆၊ အခန်း ၁ ။  တကယ့်ဆရာကြီး

ရီဝမ်ဝမ်သည် အစည်းအဝေးခန်းထဲက ထိုကြောင်အမ်းနေသည့်မျက်နှာ တို့ကို ကြည့်ရင်း တစထက်တစ တွေဝေလာသည် ။

“အာ…ငါ တကယ်ကြီး လက်ဗလာနဲ့ ကားကို ထုပစ်ခဲ့တာာလား”

လူတိုင်း တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည် ။

“ငါ့သူငယ်ချင်းရဲ့ကိုယ်ရံတော်တွေနဲ့လည်း ငါ အဖွဲ့လိုက် ချလိုက်သေးတယ်လား”

ကုန်ရွှီက ခေါင်းအကြမ်းပတမ်းရမ်းပြလာသည် ။

“မဟုတ်ဘူး၊ မဟုတ်ဘူး ။ အဖွဲ့လိုက်ချတာ မဟုတ်ဘူး”

ရီဝမ်ဝမ် စိတ်အေးသွားမိ၏ ။

“အဲ့လိုမဖြစ်နိုင်ဘူးဆိုတာ ငါ သိသားပဲ”

ကုန်ရွှီက ပြောလာသည် ။

“အဖွဲ့လိုက်ချခဲ့တာမဟုတ်ဘူး ။ အစ်ကိုကချည်းပဲ သူတို့ကို ဆော်ပစ်ခဲ့တာ”

ရီဝမ်ဝမ် ။  “…”

နောက်ဆုံးတော့ လူတိုင်း၏တစ်ညီတည်းထောက်ခံပြောဆိုနေခြင်းတို့ကြောင့်
ရီဝမ်ဝမ် ယုံကြည်လိုက်ရတော့၏ ။

ရီမူဖန်က မှုန်ကုတ်စွာဖြင့် ပြောဆိုလာသည် ။

“ဒါကြောင့် ဒီနေ့ငါတို့အစည်းအဝေးထိုင်ရတဲ့ ပထမဆုံးကိစ္စက
‘ရီပိုင်ကို အရက်မတိုက်ရ’ ဆိုတဲ့အချက်ကို စည်းကမ်းစာအုပ်ထဲ
ထည့်ဖို့ပဲ”

ရီဝမ်ဝမ်က ကူကယ်ရာမဲ့စွာဖြင့် ဗလုံးဗထွေးပြောလာသည် ။

“… အဲ့လောက်ကြီး လုပ်မှဖြစ်မှာလား”

ရီမူဖန်သည် ပြောပြီးသွားသည့်နောက်တွင်
ရီဝမ်ဝမ်၏လက်ကို ကမန်းကတန်းကြည့်လိုက်ပြီး…
“လက်က တကယ်ကြီး ဘာမှမဖြစ်ဘူးလား”

ရီဝမ်ဝမ်က သူမလက်ကို မြှောက်ပြလိုက်သည် ။
“ကြည့်လေ၊ ဘာမှမဖြစ်ဘူး၊ လုံးဝအကောင်းကြီး”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now