စာစဉ် ၄၆ (၁၅-၂၅)

5.4K 868 151
                                    

Book.              :  46
Chapter.          :  15 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၆၊ အခန်း ၁၅။  အချစ်စစ် 

ထိုအခိုက်၊ အရှေ့ခန်းတွင် ကားမောင်းနေသည့် ရီမူဖန်၏ဖုန်းကနေ နိုတီသံ တီခနဲ ထွက်လာလေသည် ။

ရီမူဖန် ထခုန်မိမတတ် ။

“ကုန်ရွှီ…မင်း ဒီတစ်ခေါက်ကော ဘာပို့ စ် တင်လိုက်ပြန်ပြီလဲ ။ ဆုပေးပွဲမပြီးမချင်း ဘာပို့ စ်မှ မတင်ရဘူးလို့  မင်းကို ငါ မပြောထားဘူးလား”

ကုန်ရွှီသည် အပြစ်ကင်းစင်သည့် ယုန်သူငယ်မျက်နှာလေးကို ထုတ်ဖော်ပြသလာလျက် ။

“ဟာဗျာ…ကျွန်တော် ဘာပို့ စ်တင်လို့ လဲ”

“မင်း မတင်ဘူးလား ။ ဒါဆို ဘာလို့  ငါ့ဖုန်းက…”

ရီမူဖန် ဖုန်းကို ဖွင့်ကြည့်လိုက်သည် ။
ချက်ချင်းပင် အံ့သြဘနန်း ဖြစ်သွားတော့၏ ။

တကယ်ကို ကုန်ရွှီ တင်တာ မဟုတ်ဘူးဟ ။

ရီမူဖန်က အမှတ်တမဲ့ဖြင့် အနောက်ခန်းတွင် ရှိနေသည့် လျိုချန်းကို ကြည့်လိုက်မိလေပြီ ။ သူ့ မျက်နှာထက်တွင်ကား အတိုင်းသား အံ့သြနေဟန် ပေါ်နေ၏ ။

“တောင်းပန်ပါတယ်၊ ကျွန်တော် တင်လိုက်တာပါ”

လျိုချန်းက ပြောလာသည် ။

ရီမူဖန်သည် ချောင်းအသာလေးဟမ့်လိုက်မိသွား၏ ။

“အော်…အင်း…ငါ တွေ့ တယ် ။ တင်တောင်ပြီးနေမှတော့ ထားလိုက်ပါတော့…”

ထိုသည်ကို ကြားလိုက်သည့်တဒင်္ဂ၊
ကုန်ရွှီ ချက်ချင်းပင် ရှူးရှူးရှားရှား ဖြစ်လာတော့သည် ။

“သောက်ကျိုးနဲ ။ ဘယ်လိုတွေတောင် ခွဲခြားခွဲခြား လုပ်ရတာလဲ ။ သူ ပို့ စ်တင်တော့ကျတော့ ရတယ်၊ ကျွန်တော် တင်တော့ကျ မရဘူး ။ 
ဒါကို ကျွန်တော် လုံးဝ ကန့် ကွက်တယ်”

ရီမူဖန် ပြောလာလေပြီ ။

“မင်းဘကြီး သွားကန့် ကွက် ။ သူ ဘာတင်လိုက်လဲ သိလား”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now