စာစဉ် ၆၅ (၉-၁၆)

2.4K 276 25
                                    

Book.              :  65
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၅၊ အခန်း ၉။ အယောင်ဆောင်က အယောင်ဆောင်ပဲ

ရီဝမ်ဝမ်သည် တန်တန်၏နံဘေးကို လျှောက်သွားလိုက်ပြီး
တစ်ခွန်းချင်း တစ်ခွန်းချင်းကို ပြတ်ပြတ်သားသား ပြောလာသည် ။

“ဒီကိတ်က တန်တန်က ဒီရက်ထဲမှာ သူ့ မေမေ မွေးနေ့မှန်း သိနေလို့ ဆိုင်ကို သွားပြီး တန်တန်ကိုယ်တိုင် လုပ်ထားတာ ။ ဒီကိတ်ပေါ်က စာသားတွေ ပန်းပွင့်တွေအကုန်လုံးကို တန်တန်က သူ့ လက်လေးတွေနဲ့ ဖန်တီးထားတာ .. သူ့ မေမေကို စပရိုက်စ် ဖြစ်သွားအောင်လို့ လုပ်ပေးချင်နေတာ”

“မင်းကတော့ ဘာကြောင့်သွားတယ်ဆိုတာ
တစ်ချက်လေးတောင် မမေးဘဲ သူ့ ကို လူပုံအလယ်မှာ
စော်ကားတယ် ၊ ရင်နာစရာစကားတွေနဲ့ပါ ပစ်ပေါက်ပြီး ပြောလိုက်သေး တယ် ။ တန်တန်က မင်းနဲ့ တရင်းတနှီး မနေပါဘူးလို့ မင်း တတွတ်တွတ် အပြစ်တင်နေပေမယ့် စိုးရိမ်ခြင်းကင်းသောနန် မင်းကရော ဘာထူးလို့လဲ ။ မင်း တန်တန်ရဲ့ မိခင်ဆိုတဲ့ တာဝန်ကို ကျေရောကျေပွန်လို့လား”

ရီဝမ်ဝမ် ထိုတစ်ခွန်း ပြောလိုက်ချိန်တွင် ထိုအယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်၏ မျက်နှာမှာ ဖြူလျော်လာကာ
ရီဝမ်ဝမ် သူမအား စိုးရိမ်ခြင်းကင်းသောနန်ဟု ခေါ်လိုက်သည်တွင် ကျောပါချမ်းစိမ့်သွားတော့သည် ။

နန်လင်းလုံသည်လည်း မျက်နှာပျက်သွားပြီး
စိုးရိမ်ခြင်းကင်းသောနန်ကို မှုန်သုန်စွာ ကြည့်လိုက်၏ ။

အသုံးကို မကျဘူး ။

အယောင်ဆောင်က အယောင်ဆောင်ပါပင် ။
နန်လင်းလုံသည် ထိုမိန်းမအတွက် လမ်းတွေ အများကြီး ကြိုးစားပမ်းစား ခင်းထားပေးခဲ့တာတောင်
စိုးရိမ်ခြင်းကင်းသောနန်သည် ထိုအယောင်ဆောင်ကို
ဖိထားနိုင်ဆဲသာ ။

တန်တန်က ခေါင်းလေးကို မော့ပြီး သူ့ မာမီကို ကြည့်လိုက်၏ ။ ညကောင်းကင်လိုမျိုး တောက်ပရွှန်းစားပြီး လှပလွန်းသည့်
သူ့ မျက်ဝန်းလေးတို့က အနည်းငယ် နီဆွေးလာသည် …

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now