စာစဉ် ၃၈ ( ၂၁ - ၂၈ )

6.6K 1K 77
                                    

Book.              :   38
Chapter.          :  21 - 28
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၈၊ အခန်း ၂၁ ။ မာမီ ဘယ်သူ့ ကို အချစ်ဆုံးလဲ

“ဘုန်း------” ဟိုတယ်၏ဇိမ်ခံအခန်းကြီးထဲတွင် အသံတို့  မြိုင်ဆိုင်သွားသည် ။ ရွှီရီ၏လက်ထဲက စာရွက်စာတမ်းတို့  လွတ်ကျသွားပြီး ကြမ်းပြင်ပေါ်တွင် ပွစာကြဲသွားသည် ။

သူသည် မရည်ရွယ်ပါဘဲ စီရီဟန်၏ဖုန်းထဲ ၀င်လာသည့် မက်ဆေ့ခ်ျကို တစ်ချက်ရှိုးကြည့်လိုက်မိရာ…ကမ္ဘာကြီးပြောင်းပြန်လန်သွားသလိုကို အကြောက်ကြီးကြောက်လန့် သွားတော့သည် ။

ချီးပဲ…။

တကယ်ကြီးလား…ငါ အခု ဘာတွေမြင်လိုက်မိတာလဲ ။

အခုချိန်တွင် တစ်ယောက်သောသူသည် သခင်မလေး ၀မ်ဝမ်၏ ဖုန်းကို ပိုင်စိုးပိုင်နင်းယူကိုင်ထားပြီး
ထိုသူသည် သခင်မလေး ၀မ်ဝမ်၏ ဖုန်းနှင့်ပင်
“မနေ့ ညက သူမက ကျွန်တော်နဲ့  အိပ်ခဲ့တာ” ဟု
စာပါပို့ လာလေသည်…

တူတူအိပ်ခဲ့တာ…လား ။

ထိုစကားတို့ သည် ပိုင်နင်းမှုအပြည့်ပါပြီး ချိန်ကိုက်ဗုံးကြီးတစ်လုံးကို ဖြစ်နေလေပြီကို သူ မသိဘဲ နေပါမည်လား ။

သူ့ သခင်လေး၏အရှိန်အ၀ါတို့ မှာ ချက်ချင်းပင် အလွန်အမင်းအေးခဲသွားပြီး မျက်နှာအမူအရာမှာလည်း အေးစက်လာကာ သူ့ မျက်လုံးထဲတွင် လူသတ်ငွေ့ တို့ ပင် ဖြာထွက်လာသည်…

“သခင်လေး…သခင်လေး ၉..နားလည်မှု…
နားလည်မှု လွဲနေတာ ဖြစ်မှာပါ…”
ရွှီရီခမျာ အကြောက်ကြီးကြောက်သွားမိလျက်
စကားကိုပင် ချောနေအောင် ပြောမထွက်နိုင်တော့ ။

သို့ သော်လည်း မနက်စောစောဝေလီဝေလင်းအချိန်တွင် သခင်မလေး ၀မ်ဝမ် ၏ ဖုန်းက တခြားသူလက်ထဲ အမှန်ပင် ရောက်နေခဲ့သည် မဟုတ်လား ။ ထိုအချက်ကပင် ရှင်းစရာမလိုလောက်အောင် ရှင်းလင်း နေလေပြီ ။

သောက်ကျိုးနဲ…

သခင်မလေး ၀မ်ဝမ် က မလုပ်ရင်လည်း မလုပ်ဘူး ။ လုပ်ပြီဆိုရင်လည်း လူတိုင်းကို ကမ္ဘာပျက်သွားလောက်အောင်ကို လုပ်တာပါလား…။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now