စာစဉ် ၅၃ ( ၉ - ၁၆ )

3.2K 493 5
                                    

Book.              :  53
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၃၊ အခန်း ၉။  မင်းဘ၀မှာ သခင်ကိုပဲ သိ

ရီဝမ်ဝမ် အကောင်းဆုံးကြိုးစားကာ ပြုံးယူလိုက်သည် ။

ငါ ဘာလုပ်ရတော့မလဲ ။

တိရစ္ဆာန်တွေက လူနဲ့ တူတာ မဟုတ်ဘူး ။
သူတို့တွေက ရုပ်ကို မကြည့်ဘူး၊ ကိုယ်နံ့ကို မှတ်ထားတာ ။

ရီဝမ်ဝမ်သည် သူမ၏အတွေးစင်စစ်တို့ကိုမူ ကြယ်ခုနစ် ရှေ့ ထုတ်မပြ၀ံ့ပါချေ ။ ထို့ ကြောင့် စိတ်ထဲကနေ ကျိတ်ကာသာ ဆုတောင်းနေမိ၏ ။

ဗိုင်းရပ်စ် ဘာပဲ လုပ်လုပ် ငါ ဆင်ခြေကြိုရှာထားမှ ဖြစ်မယ် ။ စဉ်းစားစမ်း ။

ဟုတ်ပြီ…တိရစ္ဆာန်က တိရစ္ဆာန်ပဲဟာ ၊ ကိုကြီး ဗိုလ် က ဗိုင်းရပ်စ်ကို ငယ်ငယ်လေးကတည်းက မွေးထားတာလို့ ခုနစ်စင်ကြယ် ပြောတယ်မလား ။ ဗိုင်းရပ်စ် တစ်နှစ်အရွယ်လောက်မှာ ကိုကြီး ဗိုလ် ပျောက်သွားခဲ့တာ ဆိုတော့...အင်း...ဒီလောက် နှစ်တွေလည်း ကြာနေပြီ ၊ ကိုကြီး ဗိုလ် ရဲ့ ကိုယ်နံ့ကို ဗိုင်းရပ်စ် မမှတ်မိတော့တာလို့ ပြောလိုက်မယ် ။

ငါ ပြောတာကို ခုနစ်စင်ကြယ်ကတော့ ယုံမှာပဲ ၊ ဒါပေမယ့်
ကြယ် ခုနစ် ကတော့ ယုံပါ့မလား ။

"ဝေါင်း"

ဗိုင်းရပ်စ်သည် ရီဝမ်ဝမ်နား ရောက်လာသည်နှင့် တစ်ပြိုင်နက် ဟိန်းသံကြီးတစ်သံကို လွှင့်ထုတ်လာသည် ။

နီးနီးကပ်ကပ်ကြီး ဟိန်းသံပေးခံလိုက်ရသဖြင့်
ရီဝမ်ဝမ် နားကန်းသွားပြီလားဟု ထင်လိုက်မိ၏ ။ ချက်ချင်းပင် ကြောက်လန့် စိတ်တို့ ကိန်းအောင်းလာကာ တုန်ရီလာသည် ။

"ငါတော့ သွားပြီ၊ ငါတော့ သေပြီ"
ရီဝမ်ဝမ်၏မျက်နှာမှာ တမုဟုတ်ချင်းပင် ဖြူစုတ်သွားသည် ။

ငါ ဒီလောက်ထိ အားရှိသမျှ ဥာဏ်ရှိသမျှ ထုတ်ပြီး ကြိုးစားထားတာတောင်မှ ကျားသစ်နက်ကြီးကြောင့် နောက်ဆုံး အကုန်ပေါ်သွားပြီလား ။ ဒါကြီးကတော့ မလွန်ဘူးလား…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now