စာစဉ် ၂၆ ( ၁ - ၁၀ )

10K 940 57
                                    

Book.              :   26
Chapter.          :  1 - 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၆၊ အခန်း ၁။  ဘယ်လိုဖြစ်သွားပြီလဲ

ရှန်းမန်ချီသည် ရီမူဖန်အား တွေ့လိုက်ပြီဆိုသည်နှင့် ချက်ချင်းပင် သူ၏လက်မောင်းအား လှိုက်လှိုက်လှဲလှဲ ပြေးဖက်လိုက်တော့ပြီး ။
“အစ်ကို မူဖန်၊ ဘယ်လိုဖြစ်သွားပြီလဲ”

“ရီ မိသားစုရဲ့လေလံက ၇၈ သန်း ။
ညီမတို့တွေ အဲ့ထက်ပိုပေးလိုက်တာနဲ့
ပရောဂျက်က ညီမတို့ဟာ ဖြစ်သွားပြီ”
ရီမူဖန်၊ ပြောလာ၏။

ရီမူဖန်သည် အသေချာကြီး ပြောဆိုလို့နေသည်ကို မြင်နေရသော်ငြား၊ ရှန်းမန်ချီ၊ သူ့အား မယုံကြည်ရဲသေးပါချေ။ သူမ တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
“အစ်ကို မူဖန် သေချာပါတယ်နော်။ ညီမ အစ်ကို့ကို မယုံလို့မေးတာ မဟုတ်ဘူး။ ဒီအတိုင်း ဒီပရောဂျက်က ညီမအတွက် ဘယ်လောက် အရေးပါလဲဆိုတာ အစ်ကို သိပါတယ်…”

ရီမူဖန်၏လေသံမှာ ခိုင်မာပြတ်သားလို့နေ၏။
“စိတ်မပူနဲ့။ ရီ အုပ်စုရဲ့တင်ဒါစာရွက်စာတမ်းကို အစ်ကို့မျက်လုံးနဲ့ သေသေချာချာကို မြင်လာခဲ့တာ - မမှားဘူး”

ရှန်းမန်ချီ၊ ဒါကို ကြားလိုက်သည်နှင့်
သူမမျက်ဝန်းတို့မှာ ၀င်းပသွားတော့လေပြီ။
ရီမူဖန်ကိုယ်တိုင် စာရွက်စာတမ်းကို မြင်လာခဲ့တာဆိုတော့
ရီ မိသားစုအိမ်ထဲ ခိုးဝင်လာခဲ့တာပဲ ဖြစ်ရမယ်။

ဒါက တကယ့်ကို အရူးချေးသေးပန်းပဲ ။

ဒီအရူးကို အသုံးချရတာ တကယ်မှန်သွားပြီ။

ရှန်းမန်ချီ၏မျက်လုံးတို့ ၀င်းပသွားပြီး
ရီမူဖန်အား သိုင်းဖက်လိုက်တော့ကာ ။
“အစ်ကို မူဖန်က အံ့သြဖို့ကောင်းလိုက်တာ ။ ကျေးဇူးအများကြီးတင်ပါတယ်။
တကယ့်ကို ကျေးဇူးတင်ပါတယ်”

ရီမူဖန်၊ ရှန်းမန်ချီ၏ခေါင်းအား ခပ်ဖွဖွပုတ်လိုက်တော့ပြီး ။
“အရူးမလေး၊ ဘာလို့ အစ်ကို့ကို ကျေးဇူးတင်နေတာလဲ ။
အစ်ကိုကသာ အစ်ကို့ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now