စာစဉ် ၃၀ ( ၁၁ - ၁၅ )

7.9K 947 68
                                    

Book.              :  30
Chapter.          :  11 - 15
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၀ ၊ အခန်း ၁၁။ မကောင်းဆိုးဝါးလေးရဲ့ဗွီဒီယိုကောလ်

“ရတယ်။ ရှင်တို့ရဲ့တောင်းဆိုချက်တွေအကုန်လုံးကို သဘောတူတယ်။ တစ်ယောက်ကို ဒေါ်လာ ၁၀၀၀ အပြင်ကို ရှင်တို့အတွက် ထပ်ဆောင်း ဒေါ်လာ ၁၀၀၀ ပါ ထပ်ပေးဦးမယ်” ရီဝမ်ဝမ်၊ ပြောလိုက်သည် ။

“ထပ်ဆောင်း ဒေါ်လာ ၁၀၀၀ ပေးမှာက တစ်ယောက်ချင်းစီကိုလား၊ ဒါမှမဟုတ်…” မသေချာမရေမရာဖြင့် မေးလာသည့် သူတော်စင်တည်း။

“တစ်ယောက်ချင်းစီ” ရီဝမ်ဝမ်၊ ကူကယ်ရာမဲ့သွားရသည်။
သူမအနေဖြင့် ခံစားမိနေသည်မှာ ဒီလူတွေနဲ့ စီးပွားရေးကိစ္စဆွေးနွေးလို့ မကောင်းဘူး…သူတို့အား ပြောဆိုရသည်မှာ ပင်ပန်းနွမ်းနယ်သည်ဟု ။

“ဟဲဟဲ၊ ဘော့စ် ရီ က အရမ်းကို ရက်ရောတာပဲ။
စိတ်ချ… ကျွန်တော်တို့ကိုသာ လွှဲထားလိုက် ။ တစ်ခွန်းပြောလိုက်တာနဲ့  ကျွန်တော်တို့ အကောင်းဆုံးဆောင်ရွက်ပေးမယ်”

ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့ တွန့် ကွေးတက်သွားရသည်။ သူတော်စင်အား လိပ်စာအတိအကျ ပေးပြီးသည့်နောက်၊ မြန်မြန်ဆန်ဆန်ပင် ဖုန်းချပစ်တော့သည် ။

ဤလူငါးယောက်မှာ အရမ်းပင် တော်လွန်းသည်ဟု ရီဝမ်ဝမ် ပြောရပေမည် - နောက်တစ်နေ့မနက်လင်းချင်းမှာပင် သူတို့ H မြို့ တော်ကို ရောက်ရှိလာကြပြီး ရီဝမ်ဝမ်၏အကူအညီမလိုဘဲ လေဆိပ်ကနေ ဟော်တယ်ထိ သူတို့ချည်း သွားနိုင်လေသည် ။

“ဟဲဟဲ၊ ကျော်ကြားသော ရီ…ကျွန်တော်တို့ ထပ်တွေ့ ကြ ပြန်ပြီ”

အမည်မရှိသောနန်သည် အေးဆေးပေါ့ပါးသည့်ဝတ်စုံကို ၀တ်ဆင်ထားလျက် ။သူ၏အ၀တ်အစားတို့မှာ အလွန်တရာ ဈေးပေါချာသော်လည်း သူ ၀တ်ဆင်လိုက်သည့်အချိန်တွင် အတော်လေးကြည့်ကောင်းပြီး အလွန်လိုက်ဖက်လှသည် ။

ပန်းစည်းသည်လည်း ခန့်ထည်စွာ ၀တ်ဆင်ထားလျက် ။ အမည်မရှိသော နန်၏ အနောက်ကနေ တင်ပါးနှစ်ဖက်လှုပ်ရမ်းလျက် လိုက်ပါလာသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now