စာစဉ် ၃၄ ( ၁ - ၆ )

7.9K 1.1K 155
                                    

Book.              :  34
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၄၊ အခန်း ၁ ။  အချိန်မရွေး ခေါ်လိုက်ပါ

ထိုယောကျာ်းသည် စီရီဟန်ကို မြင်သွားပြီး တောင့်တောင့်ကြီးဖြစ်သွား၏ ။

တစ်စက္ကန့် အကြာကပင် သူ၏ညှို့ ငင်နိုင်စွမ်းကို ဘယ်မိန်းမမှ လွန်ဆန်နိုင်စွမ်း မရှိဟု အမြဲတမ်း ယုံကြည်ထားမိခဲ့သည် ။

ဤမိန်းမသည် သူ့ အား စိတ်တိုင်းမကျဟု ဆိုလာခြင်းမှာ သူနှင့် စမ်းမလုပ်ကြည့်ရသေးခြင်းကြောင့်သာဟု
သူ ယူဆထားခဲ့မိသည်…

သို့ သော်၊ တံခါးဝက အနှီယောက်ျားကို မြင်လိုက်ရသည့်အချိန်…
ကောင်းကင်နှင့်မြေကြီးပမာ အခြားနားကြီးခြားနားနေသည်မှန်း သဘောပေါက်နားလည်သွားရ၏…

ဤမိန်းမသည် သူ့ အား မြင်တွေ့ နေပါရက်နှင့်
အမူအရာတစ်ခုမှ ပြမလာခြင်းမှာ အံ့သြစရာမရှိပေ ။

ငါးယောက်သောကြေးစားတို့ သည်လည်း ဒူးတို့ ညွန့်ခွေကျ တော့မတတ် ဖြစ်ကုန်ကြသည် ။ အစတွင် သူတို့ သည် သူတို့ ၏သခင်မအသစ်ထံမှ အမှတ်ကောင်းတချို့ တလေ ရပြီး မျက်နှာသာရလိုခြင်း ဖြစ်ကြသည် ။ သို့ သော်၊
သူတို့ အား မယားကြီးက ဖမ်းမိသွားမည်ဟု
ဘယ်သူ သိလိမ့်မည်နည်း ။

မီးဖိုချောင်ထဲကနေ လှမ်းလှမ်းခိုးရှိုးကြည့်နေမိရင်း ဘယ်ယောကျာ်းမှ အလွတ်ပေးရိုးထုံးစံမရှိသည်ဟု နာမည်အကျော်ကြီးကျော်လှသည့် ဒဏ္ဍာရီလာအနက်ရောင်မုဆိုးမသည် ဘာကြောင့်များ ရုတ်တရက်ကြီး သက်သက်လွတ်သမား ဖြစ်သွားရသနည်းဟု စဉ်းစားနေမိကြ၏ ။

သို့ သော်၊ အခုတွင်တော့ သူမသည် သက်သက်လွတ်သမား ဟုတ်မနေပဲ…မယားကြောက်ကြီး ဖြစ်နေပါရော့လား ။

“ကိုယ်စီကိုယ်စီတွင် အားနည်းချက် ရှိသည်ဟု” ပြောသည့်စကားမှာ မှန်ပေသည်တကား….

ယောကျာ်းပြတ်လပ်သည်ဟူ၍ ဘယ်တုန်းကမှ မရှိစဖူးခဲ့သည့် အနက်ရောင်မုဆိုးမသည် ဤယောကျာ်းကို ချစ်မိသွားလိမ့်မည်ဟု ဘယ်သူ ထင်မိပါ့မည်နည်း ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now