စာစဥ် ၅၈ (၁၇-၂၅)

3.4K 524 46
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  58
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၈၊ အခန်း ၁၇။  မယုံနိုင်စရာ မြင်ကွင်း 

“ဘာတွေ အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ”
ခုနစ်စင်ကြယ်က ဒေါသတကြီး ငေါက်ငမ်းပစ်လိုက်၏ ။

အစ်မ ဖန်း ရဲ့ လက်ရှိအခြေအနေထက် ဘယ်ဟာကများ ပိုဆိုးနိုင်မှာလဲ ။

ထိုငယ်သားသည် ၀င်ပေါက်၀ကို လက်ညှိုးထိုးပြကာ…

“နတ်ဆိုးရဲ့ လူတွေ ရောက်လာကြပြီ”

“ဘာပြောတယ်”

“ယွမ် မိသားစု နဲ့ အဇူရာတွေ တံခါး၀ ရောက်နေကြပြီ ။
အရှင် နတ်ဆိုး ပါ ပါလာတယ်”

ငယ်သားသည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ပြန်ဖြေသည် ။

ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ် ရှော့ရသွားပြီး တစ်ယောက်မျက်လုံးတစ်ယောက် ကြည့်လိုက်မိကြ၏ ။

“သောက် ကျိုး နည်း …”

အရှင် နတ်ဆိုး ကိုယ်တိုင် ရောက်ချလိမ့်မည်ဟု ခုနစ်စင်ကြယ် စိတ်ပင် မကူးခဲ့ဖူးပေ ။

“အရှင် ခုနစ်စင် ၊ အရှင် ခုနစ် ၊ အရေးကြီးနေပြီ ။ ဂိုဏ်းချုပ်ကို အကြောင်းကြားလိုက်ပါ .. မြန်မြန်လေး”

ငယ်သားက နဖူးထက်က ချွေးစတို့ကို သုတ်ပစ်လိုက်ရင်း ပြောသည် ။

ခုနစ်စင်ကြယ် ပြောတော့မည် ပြင်ခိုက် ကြယ်ခုနစ်က ဖြတ်ပြောလိုက်သည် ။

“မရဘူး .. ငါတို့ အစ်မ ဖန်း ကို အရှင် နတ်ဆိုး နဲ့ တွေ့ခွင့်ပေးလိုက်လို့ မဖြစ်ဘူး”

“ဘာလို့လဲ”
ခုနစ်စင်ကြယ်မှာ စိုးရိမ်သောကဗျာပါဒဖြင့် ပူပန်သွား၏ ။

“အစ်မ ဖန်း ရဲ့ အခုပုံစံနဲ့ဆိုရင် .. သူ ဘာတွေ လုပ်မလဲဆိုတာ ပြောလို့ မရဘူး .. တော်ကြာနေ..” ကြယ်ခုနစ်က ရှင်းပြသည် ။

ခုနစ်စင်ကြယ်သည်လည်း ခေါင်းတညိတ်ညိတ် ပြုလာသည် ။

“ဟုတ်သားပဲ … အစ်မ ဖန်း က မကောင်းတဲ့စိတ် ၀င်သွားပြီး အရှင် နတ်ဆိုး ကို လူမြင်ကွင်းကြီးမှာ လုပ်ပစ်လိုက်ရင်…”

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now