စာစဉ် ၂၉ ( ၁၉ - ၂၄)

8.7K 925 24
                                    

Book.              :   29
Chapter.          :  19 - 24
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၉၊ အခန်း ၁၉။ ဘယ်သူလို့ ပြောလိုက်တယ်

ရီမူဖန်၊ လက်ကို ပိုက်ထားလျက် ။
စဥ်းစားနေခြင်းပင် မရှိ၊ ပြောချလာသည် ။
“သေချာပေါက် ကျွန်တော့်လက်ရာပေါ့”

“အဟွတ်ဟွတ်ဟွတ်၊ ဟားဟား…ဒီအမှိုက်ကောင်က
ခုနက ဘာပြောလိုက်တယ်”

ရီမူဖန် ပြောလိုက်သည်နှင့် ဟောကျွင်းချန်နား ဖြန့်ကျက်နေကြသည့် ဒီဇိုင်နာတို့မှာ ချက်ချင်းပင် တသောသောရယ်မောလာကြတော့သည် ။

“ရီမူဖန်၊ မင်းရဲ့ခေါင်းထဲမှာ တစ်ခုခုများ ဖြစ်နေတာလား။ ငါတို့ရဲ့စတိုင်လစ်ခေါင်းဆောင် ဟော က မင်းရဲ့လက်ရာ တွေကို ခိုးတယ်…ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”

“အမလေးလေး…ကြယ်ပွင့်များအင်တာတိန်းမန့်က စတိုင်လစ်ခေါင်းဆောင်က ဒီဘာမဟုတ်တဲ့သူရဲ့ဒီဇိုင်းတွေကို ခိုးထားတယ်ဆိုပဲ - မင်းကိုယ်မင်း လူအထင်ကြီးအောင် ပြောတတ်သေးပါလား… အဟတ်”

ဟောကျွင်းချန်၊ ဘာမှကိုပြောဆိုစရာ မလိုတော့ပေ -
လူတိုင်း၏ လှောင်ပြောင်ထေ့ငေါ့ပြောဆိုခြင်းတို့ကပင်
ရီမူဖန်အား ဆွဲချပစ်ဖို့ရာ လုံလောက်နေလေပြီ ။

“ဟာကွာ၊ ဘယ်မှာလဲ လုံခြုံရေးတွေ။ သူတို့တွေ ဘယ်လို အလုပ်လုပ်နေကြတာလဲ ။ အဖိတ်ကြားမခံရတဲ့လူ တစ်ယောက်ကို သူတို့ ဘယ်လိုလုပ်ပြီး ၀င်ခွင့်ပြုလိုက်ရ တာလဲ။ သူ့ကို ဒီမှာ ပြသနာပါလာရှာခွင့်ပေးထားသေးတယ်”

“ဟုတ်ပဟာ။ သူတို့တွေ ဘာလို့များ သူ့ကို မောင်းမထုတ်ကြ သေးတာလဲ”

အုံးအုံးကျွတ်ကျွတ် ဖြစ်နေမှုမှာ ပိုပိုကြီးလာလေရာ၊ သိပ်မကြာခင်မှာပင်၊ ၀န်ထမ်းတို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြရတော့သည် ။

“ဒီမှာ ဘာတွေဖြစ်နေတာလဲ သိပါရစေ” ၀တ်စုံပြည့်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် သည် စိုးရိမ်စိတ်ပူစွာဖြင့် အပြေးရောက်ချလာသည်။ ရီမူဖန်အား မြင်တွေ့ လိုက်သည်နှင့် သူမ၏မျက်ဝန်းတို့မှာ ၀င်းပသွားတော့၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now