စာစဉ် ၄၄ (၁၅+၁၆)

5.1K 882 11
                                    

Book.              :  44
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၄၊ အခန်း ၁၅ ။   အထဲမှာ မိန်းမတစ်ယောက်ကို ဖွက်ထားတာလား

“ဒါဆို ငါ အခု ဘာပြင်ဆင်ထားရမလဲ”
ကျန်းယန်ရန် စိတ်လှုပ်ရှားစွာ မေးလာသည် ။ 

“ငါ အရင်ဆုံး နင့်နာမည် စာရင်းသွင်းပေးမယ် ။
အင်ပါရီယာကျောင်းမှာ နင်ရထားတဲ့အဆင့်နဲ့ဆိုရင် စာရင်းသွင်းဖို့ က ဘာပြသနာမှ မရှိလောက်ဘူး။ စာရင်းသွင်းပြီးသွားတော့မှ အဲ့ဒီဇာတ်လမ်းနဲ့ ပတ်သက်တာ တွေကို ငါ နင့်ဆီကို ပို့ ပေးမယ်၊ အဲ့တော့မှ ကောင်းကောင်းလေ့လာထား ။
တစ်ခုခု နားမလည်တာရှိရင် ငါ့ကို မေးပေါ့ ။ အကလဲ ရပြီးသားဆိုတော့ နောက်ပိုင်း ပြန်လေ့ကျင့်လိုက်ရင် ရပြီ” ရီဝမ်ဝမ် ပြောလိုက်သည် ။ 

ကျန်းယန်ရန်က ခေါင်းလေး လှုပ်လာကာ…
“အင်း..သိပြီ ။ နားလည်ပြီ”

“အကောင်းဆုံး ကြိုးစားထား၊ အရမ်း စိတ်မလှုပ်ရှားနဲ့ ။
နင် အရွေးမခံရလဲ ဘာမှမဖြစ်ဘူး ။ ဒီတိုင်း အတွေ့ အကြုံ ယူတယ်လို့ ပဲ သဘောထား”

“အင်း”

အလုပ်ကိစ္စ ပြောဆိုပြီးသွားသည့်နောက်တွင် ကျန်းယန်ရန်၏လူရွေးပွဲအတွက် လိုအပ်သည်များကို
ရီဝမ်ဝမ် စတင်စီစဉ်တော့သည် ။

သူမ ထင်ထားသည့်အတိုင်းပင် စာရင်းသွင်းခြင်းမှာ ရှောရှောရှူရှူပင် ဖြစ်သွားခဲ့၏ ။ ထို့ နောက် ချက်ချင်းပင် ရိုက်ကူးရေးဘက်ကနေ လူရွေးပွဲလုပ်မည့် နေရာနှင့် အချိန်ကို ပြန်ပို့ ပေးလာသလို ဇာတ်ညွှန်းနမူနာနှင့် ဇာတ်လမ်းနှင့် ပတ်သက်သည်တို့ကိုပါ တစ်ပါတည်း
ပို့ ပေးလာလေသည် ။

ရီဝမ်ဝမ် အမြန်ဖတ်ကြည့်လိုက်ပြီးနောက်
သူမ၏မျက်နှာမှာ လေးနက်လာသည် ။

စံပယ် ဇာတ်လမ်းတွင် ပါဝင်မည့်မိန်းကလေးဇာတ်ကောင်၏နာမည်မှာ လင်းမိုလီ ။ လင်းမိုလီ၏ဇာတ်ကောင်မှာ ထင်သလောက် မရိုးစင်းပေ ။ ဟိုးအစတွင် သူမသည် ခပ်ဆိုးဆိုးမိန်းကလေးတစ်ဦး ဖြစ်၏ ။ သို့ သော် စစ်ပွဲဖြစ်ပြီးသွားသည့်နောက်ပိုင်းတွင် ဒုက္ခတို့ ရင်ဆိုင်ခဲ့ရပြီး မှတ်ဥာဏ်တို့  ပျောက်ဆုံးသွားကာ နောက်တစ်ယောက်လို လုံးဝပြောင်းလဲသွားခဲ့၏…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now