စာစဉ် ၃၁ ( ၁ - ၆ )

7.6K 933 28
                                    

Book.              :  31
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၁၊ အခန်း ၁ ။  စောင့်နေတဲ့သူ ပေါ်လာပြီ

ဆိုင်လက်ထောက်သည် ဒေါသတကြီး ဟိန်းဟောက်လာသည် ။
“လခွီးတဲ့မှပဲ…ကလေက၀အောက်တန်းစားကောင်တွေကများ… ရန်ဖြစ်ချင်လို့လားကွ၊ ဟမ်”

ဟွမ်ရှီရှင်းသည် သူ့ အရှေ့မှ ပြေကျလာသည့်ပြဇာတ်တစ်ပုဒ်အား ကြည့်နေရင်း မထိန်းနိုင်တော့ဘဲ တသောသောရယ်မောချလာသည် ။
“သူဌေး ဟူ၊ ဒီလူထူးဆန်းတွေနဲ့ အချိန်ကုန်ခံမနေပါနဲ့ ဗျာ ။
ဒီတစ်ခေါက် ပစ္စည်းတွေအကြောင်းပဲ ပြောကြရအောင်လား”

“စီ မိသားစုက မလိုချင်ဘူးဆိုရင် ကျွန်တော့်ကို ရောင်းလိုက်ပါလား။ ဒီပစ္စည်းကို အချောင်အလကားလိုချင်နေကြတဲ့သူတွေမှ အများကြီး ။ ဒါပေမယ့်…ကျွန်တော် ဘယ်လောက်ထိ ရိုးသားလဲ သူဌေးလည်း အသိပဲ။ သူဌေး စိတ်ကျေနပ်စေမယ့်ဈေးကို ကျွန်တော် ပေးမှာပါ”

အချိန်ကျပြီဖြစ်၍ ဟွမ်ရှီရှင်းသည် သူ၏ရည်ရွယ်ချက်အစစ်ကို ထုတ်ဖော်လာပြီး နောက်လိုက်အား အကြည့်တစ်ချက်လွှတ်ပေး လိုက်ရာ။

သူ၏အနောက်တော်ပါးတွင် အနက်ရောင်ဝတ်စုံနှင့်လူအနည်းငယ်သည် ရှေ့သို့တက်လာကြသည် ။ 
“ကလစ် ကလစ် ကလစ် ကလစ်” ။ ခရီးဆောင်အိတ်ကြီးတို့ကို ဖွင့်လိုက်ကြသည် ။ အထဲတွင်…

အမေရိကန်ဒေါ်လာတို့သည် အပြည့် ။

အဖိုးတန်ကျောက်အရောင်းအ၀ယ်လောကတွင်၊ လူမြင်ကွင်းတွင်ပင် ငွေပေးချေခြင်း ပြုကြစမြဲဖြစ်သည် - ချက်လက်မှတ်တို့နှင့် ငွေလွှဲပြောင်း ပို့ ပေးခြင်းတို့ ရှိကြသည့်တိုင် ငွေသားနှင့်သာ တစ်ခါတည်း ရှင်းတတ် ကြသည့် စီးပွားရေးသမားများစွာလည်း ရှိနေကြသည်ပင် ။

ဟွမ်ရှီရှင်းသည် ငွေကိုပင် အသင့်ပြင်ထားပြီးလေပြီ - ကြိုတင်ပြင်ဆင်ပြီး လာခဲ့ခြင်းမှာ သိသာလှ၏ ။

ဒီအခိုက်အတန့် ၊ စီ မိသားစုမှ ပညာရှင်သုံးယောက်မှာ ကူကယ်ရာမဲ့နေကြ လေပြီ ။
“လက်ထောက်ဒါရိုက်တာ ရွှဲ့ …ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ ။ HQ ကိုဖုန်းဆက်ကြည့်လိုက်ရင်ရော…”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now