စာစဉ် ၄၁ ( ၅ - ၁၀)

6K 950 14
                                    

Book.              :   41
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၁၊ အခန်း ၅ ။ ရှင် မလုပ်ရက်ပါဘူး

ရီဝမ်ဝမ်က မိန်းကလေးအသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည့်တိုင် သူမလေး၏တောက်ပနေသည့်မျက်ဝန်းတို့နှင့် ထိုရင်းနှီးကျွမ်းဝင်နေသည့် အသံတို့ ကြောင့် ဟန်ရှန်းယွီ ရပ်တန့်သွား၏ ။
သူ အံ့သြတုန်လှုပ်သွား၏ ။

ဒီမိန်းကလေးရဲ့မျက်လုံးတွေနဲ့  စကားပြောတဲ့အသံက..

ဘာလို့ …ဘာလို့…ရီပိုင်နဲ့  တူနေတာလဲ….။
မဟုတ်သေးဘူး၊ ဒါက မိန်းကလေးအသံပါ ။

ငါ ရူးများသွားတာလား ။ နေပါဦး…ဒီမိန်းကလေး အစောနက ဘာပြောလိုက်တာလဲ ။

ရှော့ရနေသလို ဟန်ရှန်းယွီ ကြောင်အမ်းနေလေသည် ။
သူ့ စိတ်တို့  အတော်လေးကို နောက်ကျိရှု့ပ်ထွေးနေလေပြီ ။

ရီဝမ်ဝမ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် နားထင်ကို နှိပ်နယ်နေ၏ ။

တော်ကြပါတော့ဟ ။

ရီဝမ်ဝမ်သည် စီရီဟန်ကို အရင်ကြည့်လိုက်၏ ။
“အားကျို…ကျွန်မ ဟန်ရှန်းယွီနဲ့  ပြောလိုက်ဦးမယ်…။ ကျွန်မကို အဲ့လိုကြီး လာမကြည့်နဲ့  ။ ကျွန်မတို့ တွေ ဒီလိုဆက်သွားနေမယ်ဆိုရင် စိတ်ညစ်လို့  သေလိမ့်မယ်။ ရှင့်ချစ်သူလေး စိတ်ထောင်းကိုယ်ကြေ ဖြစ်တာကို မြင်ရက်လို့ လား ။ ပြီးတော့ ကျွန်မ ဘယ်သူ့ ကြောင့်နဲ့  ဒီလိုမျိုး လုပ်ခဲ့ရတာလဲ ။ အခုလဲပဲ ရှင် လုံးဝကို ပူးပေါင်းမှုမရှိတာကြောင့်သာ ကျွန်မ အခုလို ပေါ်သွားတာလေ”

စီရီဟန်မှာ စိတ်ကျေနပ်မှုမရှိဆဲ ။

ထိုစဉ် ဟန်ရှန်းယွီနှင့် ဖေးယန်သည်လည်း သူမပြောနေသည့်စကားတို့ အား လုံးဝ နားလည်ခြင်းမရှိကြပေ ။

“ကောင်းပြီ…ကောင်းပြီ ။ လိမ်မာပါကွာ ။ ဆယ်မိနစ်ထဲပဲ ပေး ။ ချစ် ရူးသွားမှာကို ကိုကို မမြင်ရက်ဘူးဆိုတာ ချစ် သိပါတယ်…”

ရီဝမ်ဝမ်သည် စီရီဟန်၏ပါးတစ်ဖက်ကို မွှေးကြူလိုက်ရင်း နှုတ်ကနေ အမွှန်းတင်ကာ ပြောလိုက်သေး၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now