စာစဉ် ၅၃ ( ၁ - ၈ )

4K 602 47
                                    

Scroll down for Unicode


Book : 53

Chapter : 1 - 8

Original Novel : Perfect Secret Love

Translator : Goddess

.............................................................................................................................

စာစဉ် ၅၃၊ အခန်း ၁။ သူ့ ကို သတ်ပစ်

"မမှတ်မိဘူး" လီစီက စိတ်မရှည်စွာဖြင့် ပြောလာသည် ။

"အာ...ရှင် သူ့ ကို တကယ်မမှတ်မိဘူးပေါ့ ၊ တတိယအကြီးအကဲ"

ရီဝမ်ဝမ်သည် အံ့အားသင့်သည့် ဟန်ကို ဆောင်ကာ ပြောဆိုနေသည် ။

သောက်ပိုတွေ တသီကြီးပင်တည်း ။ လီမိုချန်းသည် လီစီ၏ တိတ်တိတ်ပုန်းသား ဖြစ်ကြောင်းကို မသိသူ မည်သူများ ရှိလေသည်နည်း ။ အခုတော့ တာဝန်တွေအားလုံးကို ခါချကာ သားဖြစ်သူကိုပင် အသိအမှတ် မပြုလေတော့သည်တကား ။

"ဂိုဏ်းချုပ် ၊ ကျွန်တော်က မမှတ်မိဘူးလို့ ပြောရင် မမှတ်မိလို့ပေါ့"

ထို့ နောက်တွင် လီစီသည် ထိုထမ်းစင်ကို သယ်လာသည့် ဖိန့် ဖိန့် တုန် ဂိုဏ်းသားနှစ်ယောက်ဘက်သို့ လှည့်လိုက်ကာ...

"ဒီကောင်က ဘယ်ကနေ ရောက်လာတာလဲ ။ စုတ်ပြတ်သတ်နေအောင် ရထားတဲ့ ဒဏ်ရာတွေကိုလည်း ကြည့်စမ်းပါဦး ။ သူ့ ကို ဆေးရုံကို မြန်မြန်ပို့လိုက်ကြ စမ်း ။ ကျက်သရေတုံးအောင် ဒီမှာ လာမသေခိုင်းနဲ့"

"ဗျာ"

ဖိန့်ဖိန့်တုန် ဂိုဏ်းသားနှစ်ယောက်သည် တွန့် ဆုတ်နေ၏ ။ ဂိုဏ်းချုပ်သည်က သူတို့ ကို ထွက်သွားဖို့ရာ မပြောရသေးဘူး မဟုတ်ပါလား။

"ခနလေး"

ရီဝမ်ဝမ်သည် ပြုံးစစမျက်နှာကို ဟန်ချီလိုက်ပြီး...

"သူက မနေ့ တုန်းက ကျွန်မနဲ့ ဆောင်းဦးရေကို လာရန်စပြီး စော်စော်ကားကား ပြောသွားတဲ့သူပဲ"

"အဟက် ၊ ဂိုဏ်းချုပ်ရာ ၊ ဂိုဏ်းချုပ်က အခုမှ ပြန်ရောက်လာကာစ ဆိုတော့ မသိနားမလည်တဲ့ မျက်ကန်းတစ်ချို့ က ဂိုဏ်းချုပ်ကို ရန်စမိမှာပေါ့ဗျာ ။ ဒီလိုအမှားမျိုးက လူတိုင်း လုပ်မိတတ်တာပဲ ၊ ဖြစ်နိုင်ရင် စိတ်ထဲ ထားမနေဘဲ ခွင့်လွှတ်ပေးလိုက်တာ မကောင်းဘူးလား ဂိုဏ်းချုပ်"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now