စာစဉ် ၂၇ ( ၁၉ - ၂၀ )

8.7K 976 25
                                    

Book.              :   27
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၇၊ အခန်း ၁၉။ ပြသနာရှာခြင်း

လျိုချန်း၊ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး
စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ခုံမှာပြန်သွားထိုင်သည် ။

သူ့နံဘေးကကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည့်အချိန်၊ မိန်းကလေးသရုပ်ဆောင်တစ်ယောက်သည် မတော်တဆဟန်ဖြင့် သူ့ဘက်ကို ခြေထောက်ဆန့်ထုတ်ပစ်လိုက်ရာ ။

လျိုချန်း၏လက်ထဲက ကော်ဖီတို့ မှောက်ကျသွားပြီး
လင်းရှောင်ကျဲ့ပေါ် ဖိတ်စင်ကုန်၏။

“အားရား၊ မင်း ဘာလို့ ဒီလောက်တောင်သတိလက်လွတ်နိုင်ရတာလဲ။ ရှောင်ကျဲ့ရဲ့အ၀တ်အစားတွေ ညစ်ပတ်ကုန်ပြီ”
သူ့အား ပြစ်တင်ကြိမ်းမောင်းလာသည်ကား ထိုမိန်းကလေးသရုပ်ဆောင် ။ တစ်ချိန်တည်းပင်၊ ထိုသူမသည် တစ်ရှူးတစ်ထုပ် မြန်မြန်ထုတ်ယူ လိုက်ပြီး လင်းရှောင်ကျဲ့ဆီ သွားကာ သူ့ရင်ဘတ်ပေါ်က အစွန်းအထင်း တို့ကို သုတ်ပေးလာသည် ။

လင်းရှောင်ကျဲ့သည် အနည်းငယ်အသန့်ကြိုက်သူ ဖြစ်လေရကား၊ ချက်ချင်းဆိုသလို မျက်မှောင်ကြီးကြုတ်သွားတော့ပြီး ။
“စိတ်ပျက်စရာကောင်းလိုက်တာ”

“ဟုတ်ပ၊ အဲ့ဒီအရှုပ်ထုပ် ။ သူနဲ့ ရိုက်ကွင်းထဲ
အတူရှိနေရ တာ စိတ်ပျက်စရာကောင်းလိုက်တာ။
ဟဲ့၊ နင် ဘာလို့ အဲ့မှာ ရပ်နေသေးတာလဲ။
ရှောင်ကျဲ့ကို မတောင်းပန်သေးဘူးလား”
ထိုအမျိုးသမီးသရုပ်ဆောင်သည် ငေါက်ငမ်းအမိန့်ပေးလာပြန်သည်။

ရှောင်ချင်း၊ သည်းမခံနိုင်တော့။
အမေအိုကြက်မကြီးနှယ် လျိုချန်းအား ကာကွယ်ပေးလိုက်ရင်း ။
“၀မ်ရှန်းရှန်း၊ နင် ဘာဖြစ်နေတာလဲ။ နင်ကသာ ငါတို့လျိုချန်းဘက်ကို ခြေထောက်ဝင်ထိုးတဲ့သူပါနော်။
နင် လုပ်လို့ သူ့မှာ ကော်ဖီမှောက်ကျ သွားရတာ - တောင်းပန်ချင်းတောင်းပန် နင်ကသာ တောင်းပန်ရမှာ”

“နင့်ရဲ့ဘယ်မျက်လုံးကြီးက ငါ သူ့ကို ခြေ၀င်ထိုးတယ်လို့ မြင်လို့လဲ။ နင်တို့တွေ မြင်လိုက်ကြလား”
ဝမ်ရှန်းရှန်း၊ အနားက သရုပ်ဆောင် အနည်းငယ်အား ကြည့်လိုက်ပြီး မေးလာသည်နှင့်။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now