စာစဉ် ၃၈ ( ၁၇ - ၂၀ )

6.4K 1K 128
                                    

Book.              :   38
Chapter.          :  17 - 20
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၈၊ အခန်း ၁၇ ။ အဖေဖြစ်နိုင်သူ

သူမသည် စီရီဟန် နှင့် တန်တန် အား ပေးမတွေ့ လိုခြင်းမှာ မသိစိတ်ကနေ ပေါ်ထွက်လာသည့်ခံစားချက်တစ်ခုကြောင့် ဖြစ်သည် ။ အဘယ်ကြောင့် ဤနည်းဤဖုံ ခံစားနေရသနည်း ကိုမူ သူမ မသိပါချေ ။

တန်တန်သည် သူမနှင့် ရုပ်ချင်းဆင်နေခြင်းကြောင့်
စီရီဟန် အထင်လွဲသွားနိုင်မည်ကို စိုးခြင်းပေကြောင့်လား ။

ရီဝမ်ဝမ်သည် ဆက်ကာဆက်ကာ တွေးတောကြည့်နေသည် ။ သို့ ပေမည့် အဖြေကား ထွက်မလာ ။

ဖုန်းချလိုက်ပြီးသည့်နောက်တွင် တန်တန်သည် ပတ်ဝန်းကျင်နှင့် စိမ်းသက်နေမည်ဆိုသဖြင့် တန်တန်ရှိရာတခြားအခန်းဘက် သွားလိုက်သည် ။

တံခါးကို ခပ်ဖွဖွလေးတွန်းဖွင့်လိုက်၏ ။

သူမ အံ့သြသွားလောက်အောင် အိပ်ရာထက်တွင် မည်သူမျှ ရှိမနေပေ ။

ရီဝမ်ဝမ် ထိတ်လန့် စပြုလာ၏ ။  “တန်တန်…”

အိမ်ပတ်ပတ်လည်ကို သူမ လိုက်ရှာကြည့်နေသည် ။
သို့ တိုင်အောင် သူ့ အား ရှာမတွေ့ ပေ ။ အကြိမ်ကြိမ်အထပ်ထပ် စေ့စေ့စပ်စပ်လိုက်ရှာ တော့မှသာ ၀ရံတော်ပေါ်တွင် ပုံရိပ်လေးတစ်ခုကို တွေ့ လိုက်၏ ။

ရီဝမ်ဝမ်၏ရင်ထဲတွင် ထူးထူးဆန်းဆန်းပင် နာကျင်ကိုက်ခဲလာရသည် ။

တန်တန်က ဒီနှစ်ညလုံးလုံး ဒီနေရာမှာပဲ ထိုင်နေခဲ့တာများ ဖြစ်နေမလား။

ဤအရွယ်ကလေးလေးသည် အိမ်ကနေ ထွက်လာပြီး အစိမ်းသက်သက်ဖြစ်နေသည့် နေရာတစ်ခုကို ရောက်လာရခြင်း ဖြစ်သဖြင့် စိတ်ထဲ မရင်းနှီးနိုင်ဘဲ အစိမ်းသက်သက်ဖြစ်နေနိုင်သည်ကို သူမ အခုမှ သဘောပေါက်မိသွား၏…

“တန်တန်…ဒီမှာ ဘာလို့  ထိုင်နေတာလဲ ။
အိပ်လို့ မပျော်ဘူးလား”

ကောင်ငယ်လေးသည် ရီဝမ်ဝမ်၏အသံကို ကြားလိုက်ရသဖြင့် အံ့သြသွား၏။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now