စာစဥ် ၅၆ (၁-၈)

2.8K 425 18
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  56
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၆၊ အခန်း ၁ ။ ရှေးဟောင်း စီ ကလန် 

အမည်မရှိသောနန် ပိုက်ဆံကို ယူလိုက်ပြီး ရယ်မောပြုံးရွှင်လာလေပြီ ။

“ငါ ပြန်ရောက်လာတော့ စုံစမ်းကြည့်လိုက်တော့ ဒီလွတ်လပ်သောနယ်မြေထဲမှာ စီ ကလန် လို့ ခေါ်တဲ့ ရှေးဟောင်းကလန် တစ်ခု ရှိတယ် ။ စီ ကလန် ထဲမှာတော့ စီရီဟန်လို့ ခေါ်တဲ့ လူတစ်ယောက် ရှိတယ်တဲ့ ။ သူက စီ ကလန် ထဲမှာ သြဇာကြီးတဲ့သူ…လျို့ဝှက်ဆန်းကြယ်ပြီး လူရှေ့ထွက်တယ်ဆိုတာက မရှိသလောက်ပဲ”

အမည်မရှိသောနန်၏ သတင်းဆိုသည့် ထိုသတင်းကြောင့်
ရီ၀မ်၀မ် အံ့အားသင့်သွားရလေပြီ ။

လွတ်လပ်သောနယ်မြေထဲက ရှေးဟောင်းကလန်တွေ အကြောင်းကို သူမလည်း သိထားသည်သာ ။ လွတ်လပ်သောနယ်မြေထဲက အင်အားအကြီးဆုံး ရှေးဟောင်းကလန်တွေထဲက တစ်ခုမှာ
စီ ကလန် ဖြစ်ကြောင်းကို သူမလည်း သိထားသည်သာ ။

သို့သော်…လွတ်လပ်သောနယ်မြေ၏ ထို စီ ကလန် မှာ စီရီဟန် နှင့် ဆက်နွယ်နေပြီး ထို စီ ကလန် မှာ ထိုလောက်တောင် စွမ်းပကား ကြီးလွန်းနေသည်တဲ့လား…

စီရီဟန်၏မျိုးရိုးမှာ စီ ဖြစ်သော်လည်း
သူသည် တရုတ်ပြည်က စီ ဖြစ်ချေ သည် ။
တရုတ်ပြည်က စီ မိသားစုက လွတ်လပ်သောနယ်မြေက စီ ကလန် နှင့် ပတ်သက်ဆက်နွယ်နေခြင်းပေလား ။

“ဟားဟား…ထားပါတော့ကွာ ။ ညီမလေး ကျော်ကြားသော ရီ… စိတ်ရှုပ်ခံမနေနဲ့ ။ ငါလည်း မဖြစ်နိုင်လောက်ဘူးလို့ ထင်တာပဲ”

အမည်မရှိသောနန်က ရယ်မောကာ ပြောလာသည် ။

“ညီမလေး ရှာနေတဲ့သူက တရုတ်ပြည် စီ မိသားစုရဲ့ အကြီးအကဲ
မလား ။ စီ ချင်း တူတယ် ဆိုပေမယ့်လည်း စီ နဲ့ မျိုးရိုးတွေက အများကြီးရှိတာပဲဟာ ။ မျိုးရိုးတူတယ်ဆိုတိုင်း တစ်ယောက်ထဲလို့ သွားတွေးလိုက်လို့ ဘယ်ရပါ့မလဲ”

သူတော်စင်က အမည်မရှိသောနန် ဘက် လှည့်လာသည် ။
“မျိုးရိုးတူနေတာတင် မဟုတ်ဘူးလေ ကပ္ပတိန်…နာမည်ပါ တူနေတာ…”

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now