စာစဉ် ၃၄ ( ၇ - ၁၂ )

7.7K 1K 70
                                    

Book.              :  34
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၄၊ အခန်း ၇။ လေးယောက်အုပ်စုလိုက် ရိုက်ကူးခြင်း

ရှောင်းယွီတန်သည် ရိုက်ကူးရေးအဖွဲ့ သားများအား
မုန့် အများကြီး ယူလာခိုင်းလိုက်သည် ။

“ကုန်ရွှီ…ဆိုဖာပေါ်မှာ တင်ပလင်ခွေထိုင်ပြီးတော့
မုန့် တွေကို ဖက်ထား”

ကုန်ရွှီသည် သရေစာမုန့် အထုပ်ကြီးအား ရွှန်းစားနေသည့်မျက်ဝန်းတို့ ဖြင့် စိုက်ကြည့်နေသည် ။  “ဒါဆို…စားလိုက်လို့ ရော ရလား”

ရီဝမ်ဝမ် ကိုယ့်ခေါင်းကို ထိန်းကိုင်ထားမိ၏ ။  “…”

ငါ သိနေတယ်…

ရှောင်းယွီတုံသည် တခစ်ခစ်ရယ်ချလာသည် ။
“စားချင်ယောင်ဆောင်ရုံပဲ၊ တကယ်စားလို့တော့ မရဘူး ။ ရိုက်ကူးရေးပြီးသွားတော့မှပဲ ပေးလိုက်မယ်နော်”

ထို့ နောက် သူမသည် ရီဝမ်ဝမ်အား တစ်ချက်ကြည့်လိုက်၏ ။
“မောင်လေး စားလို့ ရမရက အစ်မ ဆုံးဖြတ်ပေးလို့ မရဘူး လေ”

ကုန်ရွှီသည် ချက်ချင်းပင် ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ပြီး ကောင်ဆိုးလေးတစ်ယောက်နှယ် ဟန်ဆောင်ဖို့ ပြင်လိုက် ချိန် ။ ဘေးနားကနေ နက်ခ်တိုင်အား ဆွဲဆန့် နေသည့် လျိုချန်းသည် သူ့ အား မထူးခြားနားစွာဖြင့် သတိပေးလာ၏ ။

“မင်း ဒီလ ကိုယ်အလေးချိန်သုံးကီလိုကျော်အောင် တက်ထားတယ်”

“လခွမ်းပဲ…သခင်ငယ်လေးက နဲနဲလေးပိုဝလာတော့ကော ဘာဖြစ်လဲ ။ ငါ့ကိုယ်အလေးချိန်တက်မတက် လာဝေဖန်ရအောင် မင်းက ဘာမို့ လို့ လဲ ။ မင်းက ငါ့ကို ထမင်းတစ်ပန်းကန် ဟင်းတစ်ပန်း ကျွေးဖူးလို့ လား ။ ငါ့ကိုယ်ထဲက ဘယ်အပိုင်းကများ မင်းပြောတာကို နားထောင်ရမှာလဲ ။
မင်း ငါ့ကို အမဲသား၊ သိုးသား၊ ကြက်သား၊ ၀က်အူချောင်း ကျွေးဖူးလား ။ ဘဲသား၊ ငန်းသား၊ ဂဏန်း၊ ပုဇွန်၊ ငါး၊ ဆိတ်သား၊ ၀က်ကလီစာရော ကျွေးဖူးလို့ လား ။ ကြော်ထားတာတွေ၊ ပေါင်းထားတာတွေ၊ ပူပူစပ်စပ် စွပ်ပြုပ်တွေကော ကျွေးဖူးလို့ လား ။ မုန့် လုံးရေပေါ်တွေ၊ ဖက်ထုပ်တွေ၊ ခေါက်ဆွဲတွေ၊ ချဉ်ငံစပ်တွေကော မင်း ၀ယ်ကျွေးဖူးလို့ လား…”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now