စာစဉ် ၃၂ ( ၁၉ - ၂၄ )

8.1K 1.1K 175
                                    

Book.              :  32
Chapter.          :  19 - 24
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၂၊ အခန်း ၁၉ ။ လက်လန်တယ်

ရီဝမ်ဝမ်သည် စတင်ကာ တအီးအီးငိုရှုံ့ လာတော့သည် ။
“ဒေါ်လေး ၂က…ဈေးပေါတဲ့ပစ္စည်းတွေ မကြိုက်ဘူးတဲ့ ၀တ်ရတာ ရွံတယ်တဲ့ ။ အဲ့လိုပြောပြီးတော့ အခုနက သမီး ပေးခဲ့တဲ့လက်ကောက်ကို လွှတ်ပစ်လိုက်တယ်… - သမီးလေ…သမီးရဲ့တစ်လစာလုံးကို သုံးပြီးတော့ အဲ့ဒါလေးကို ၀ယ်လာခဲ့ရတာပါ၊ အဲ့ဒါကြောင့် အရမ်းစိတ်ဆိုးမိပြီး ဒေါ်လေးကို ပြန်ပြောလိုက်မိတာကို…ဒေါ်လေးက  သမီးကို တွန်းချပစ်…”

“ကောင်မစုတ် ။ မင်း…မင်း ဟန်ဆောင်မနေနဲ့ ”
လျန်မေးရွှမ်းမှာ ဒေါသအထွက်ကြီးထွက်သွားလေပြီ ။
သူမ မြန်မြန်ဆန်ဆန်ပင် အဘိုးအဘွားနှစ်ယောက်ဘက် လှည့်လိုက်ပြီး ရှင်းပြလာသည် ။

“ဖေဖေ၊ မေမေ၊ အဲ့လိုမဟုတ်ဘူး ။ ကျွန်မ လုံးဝကို မတွန်းဘူးး ။ ဒင်းကသာ ကျွန်မကို နှစ်ကြိမ်တိတိ ပါးချခဲ့တာပါ”

ရီဝမ်ဝမ်၏ပါးပြင်ထက်တွင် မျက်ရည်လုံးတို့ တပေါက်ပေါက် လိမ့်ကျနေ သည် ။  “ဒေါ်လေး ၂…ဘယ်လို စိတ်နဲ့  အဲ့လိုပြောထွက်ရတာလဲ ။ ဒေါ်လေးသာ စကားမကျွံရင် ဒေါ်လေးသာ…ဘိုဘိုးနဲ့ ဘွားဘွားက တနေ့ မှာ သေရတော့မှာလို့  မပြောခဲ့ရင် - ကျွန်မ ဒီလောက်ထိ စိတ်ဆိုးပြီးတော့ ဒေါ်လေးကို ရိုက်မိပါ့မလား”

“ပြီးတော့ ဒေါ်လေး ကျွန်မကို မတွန်းဘူးဆိုရင် ကျွန်မဘာသာကျွန်မ တွန်းချလိုက်တာလား ။ လက်ကောက်ကို ဆွဲချွတ်တဲ့သူက ဒေါ်လေး မဟုတ်ရင် ဒေါ်လေးရဲ့လက်ကောက်ဝတ်ကနေ ဆွဲချွတ်ပြီးတော့ ကြမ်းပေါ် လွှတ်ပစ်တဲ့သူက ကျွန်မလား ။ ဒေါ်လေး ၂…ဘာလို့  အဲ့လောက်တောင် အနိုင်ကျင့်ရတာလဲ”

“…” လျန်မေးရွှမ်း ဆွံ့ အသွားရသည် ။
သူမ၏မျက်လုံးတို့ မှာ ပြူးထွက်နေပြီး ဒေါသတို့ ကြောင့် သွေးပွက်ပွက်အန်နေမိလေပြီ ။

မင်းကသာ မင်းဟာမင်း လဲကျတဲ့သူ၊ မင်းကသာ ငါ့လက်ကောက်ဝတ်ပေါ်က လက်ကောက်ကို ဆွဲဖြုတ်သွားပြီး ကြမ်းပေါ် လွှတ်ပစ်တဲ့သူ၊ ဟုတ်ပီလား ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now