စာစဉ် ၄၀ (၂၃-၂၅) စာစဉ် ၄၁ (၁-၄)

6.2K 977 51
                                    

Book.              :  40 + 41
Chapter.          :  (23 - 25) + (1 - 4)
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၀၊ အခန်း ၂၃ ။ ဖြည့်ဆည်းပေးဖို့  အားတက်သရောပါ

ရီဝမ်ဝမ်သည် သူမကိုယ်သူမ စီရီဟန်၏ချစ်သူလေးဟု လျောလျောရှူရှူ ပြောထွက်ပစ်ခဲ့သည် ။
ထို့ ပြင် ယုံကြည်ချက်ရှိရှိဖြင့် သူ့ အား လောဆော်လာသေးသည် ။

“မြန်မြန်လေး..မြန်မြန်လေး…”

သူမလေး၏စိတ်အားထက်သန်နေသည့်မျက်နှာလေးကို မြင်လိုက်ရ သည့်အခိုက် စီရီဟန်၏အေးစက်နေသည့် ရေခဲတုံး မျက်ဝန်း ဟိုးအောက်ခြေတွင် မီးတောက်လာချေပြီ ။ သူ့ ရဲ့အကြည့်သည် သူမလေး၏ဖြူစင်ဝင်းမွတ်ပြီး ကျက်သရေရှိလှသည့်လည်တိုင်အား မခွာနိုင် ဖြစ်နေသည် ။ ထို့ နောက် သူမလေး၏မေးရိုးအား
သူ့ လက်ချောင်းတို့ ဖြင့် နူးနူးညံ့ညံ့လေးကိုင်လိုက်ပြီး
သူ့ မျက်လုံးများက တဖြည်းဖြည်းချင်း နီးကပ်လာသည် ။

“လုပ်စရာမလိုဘူး…ဒါပေမယ့်…”

သူ ပြောရင်းဆိုရင်းမှာပင် သူ့ ရဲ့နှုတ်ခမ်းနှစ်လွှာသည် သူမလေးလည်တိုင်ပေါ် နူးနူးညံ့ညံ့ ယှက်ပြေးကစားလာသည် ။ သူ၏နှုတ်ခမ်းနွေးနွေးလေးက သူမလေး၏ နုညက်နေသည့်အသားအရေကို စုပ်လိုက်၏…

ဒါပေမယ့် ဒီတောင်းဆိုချက်ကို ကိုယ် ဖြည့်ဆည်းပေးချင်မိတယ်…

မျက်စိလွှဲထား၊ သွားမကြည့်လိုက်နဲ့  ။

အရှေ့ခန်းတွင် ရွှီရီသည် အရှေ့ခန်းနှင့်အနောက်ခန်းအား ကာဆီးပေးနိုင်သည့် မှန်အား မြန်မြန်ဆန်ဆန်ပင် တင်ပစ်လိုက်လေပြီ…

…..

အနက်ရောင်ကားလေးသည် ကျောင်းကနေ တငြိမ့်ငြိမ့်မောင်း ထွက်လာလေပြီ ။

ထိုအချိန်တွင် ရီဝမ်ဝမ် မသိလိုက်သည်လည်း ရှိနေ၏ ။ ထိုသည်မှာ အင်ပါရီယာမြို့တော်၏မျက်စောင်းထိုးလမ်းတစ်ဖက်တွင် ဟန်ရှန်းယွီသည် ရပ်နေပြီး သူတို့ ထွက်သွားရာဘက်အား စူးစူးရဲရဲကြည့်နေသည် ။ သူ ဘယ်အချိန်က စပြီး ကြည့်နေသလဲ မသိပါချေ ။ သို့ သော် သူ၏မျက်နှာမှာ လုံးဝကို မှုန်သုန်တင်းမာ နေလေသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now