စာစဥ် ၅၅ (၉-၁၆)

2.9K 429 22
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  55
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၅၊ အခန်း ၉။ ဘာမှ မလုပ်ချင်ဘူး…ဟုတ်ပီလား

"ရှင် ဘာလို့ မရှောင်လိုက်တာလဲ ။ အဆင်ပြေရဲ့လား"

အရုပ်မလေးက မျက်မှောင်ကြီး ကြုတ်လျက် မေးလိုက်သည် ။ ထိုလက်ဝါးတွင် သူမသည် အားကုန်ထည့်သုံးထားလိုက်ခြင်း ဖြစ်သည် မဟုတ်ပါလား ။

"ကျွန်တော်က ဘာလို့ ရှောင်ရမှာလဲ"

အဘိုးကြီးသည် လုံး၀မသိနားမလည်လေဟန် မျက်လုံးလေး ကလယ်ကလယ် လုပ်လာလေပြီ ။

အရုပ်မလေး ။  "…"  ပြောင်တာ စတီးပဲ ကောင်းတယ်နော် ။

ရီ၀မ်၀မ်လည်း ထိုအဘိုးကြီးကို ကြည့်လိုက်မိ၏ ။
ထိုအဘိုးကြီး၏ခွန်အားမှာ လုံး၀ကို သာမန်မဟုတ်နေလေပေ ။ အရုပ်မလေး၏ လက်ဝါးရာ ကျသွားသည့်တိုင် သူ၏ကိုယ်မှာ ရေတစ်ပွက်လေးပင် ပွက်သွားခြင်းမရှိသည့် ရေကန်ပြင်လို ။ တစ်ချက်လေးပင် ယိုင်လဲသွားခြင်း မရှိခဲ့ ။
သူသည်ကား သေချာပေါက်ကို သိုင်းပညာရှင်ကြီး ဖြစ်ရပေမည် ။

ကျန်ရှိနေသေးသော ထိုလူများအဖို့လည်း…အင်း…
သိုင်းပညာအစည်းအရုံးကြီးကပင် ဖမ်းဆီးထောင်ချထားရသူများ ဖြစ်ကြလေရာ မည်သို့များ ပျော့ဖတ်နိုင်ပါလိမ့်မည်နည်း ။

"ဆရာ…"

ထိုအခိုက်…ပေါ့ပေါ့ပါးပါး၀တ်စားထားသည့် လူငယ်လေးသည် ရီ၀မ်၀မ်ဆီသို့ လျှောက်လာလေပြီ ။ 

"ဆရာ…ကျွန်တော်တို့ ၆ ထပ်က အကျဉ်းခန်းထဲမှာ အကျဉ်းကျနေတဲ့သူ တော်တော်များများနဲ့ မိတ်ဆွေ ဖြစ်လာခဲ့ပါတယ် ။ သူတို့ပြောတာကို ကြားခဲ့တာတော့ ၅ ထပ်က အကျဉ်းခန်း ထဲမှာ အသက်ရှင်ကျန်နေသေးတဲ့ သေခြင်းတရား၏နှင်းဆီ တွေ ရှိနေပါသေးတယ်တဲ့"

ရီ၀မ်၀မ်သည်ကား မျက်နှာမပျက်သွား ။ သို့သော်
ရင်ထဲတွင်တော့ လုံး၀ကို တုန်လှုပ်ရှော့ရသွားလေပြီ ။

ခြောက်ထပ်ရှိသော အကျဉ်းထောင် ။
ထိုသည်ကား သိုင်းပညာအစည်းအရုံး၏ ယခင်ဂိုဏ်းချုပ်က တည်ဆောက်ထားခဲ့သည့် သေမင်းအကျဉ်းထောင် တည်း ။ ထိုအကျဉ်းထောင်မှာ စုစုပေါင်း ခြောက်ထပ်ရှိလေသည် ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now