စာစဉ် ၃၁ ( ၇ - ၁၂ )

7.3K 1K 25
                                    

Book.              :   31
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၁၊ အခန်း ၇။ စဉ်းစားနေစရာမလိုဘူး

ဖန်ယီပင်း ။  “မင်း…”

သို့သော်လည်း စီမင်းလီသည် ရီဝမ်ဝမ်အား တည့်တည့်ကြည့်ကာ ပြောလာသည် ။
“ကောင်းပြီလေ…ငါ မင်းနဲ့ လောင်းမယ် ။ ဒါပေမယ့် မင်း ရှုံးလို့ရှိရင် ကုမ္ပဏီကနေ ထွက်သွားပေးရမယ်”

“ရတယ် ။ ကျွန်မ နိုင်လို့ရှိရင် ကျွန်မ ပြောခဲ့တဲ့အတိုင်း ရှင် လုပ်ရမယ်။ ကျွန်မ ရှုံးလို့ရှိရင်တော့ ကျွန်မ ကုမ္ပဏီကနေ အပြီးထွက်သွားပေးမယ်၊ ကုမ္ပဏီ ကိစ္စတွေထဲ ဘယ်တော့မှ ၀င်မနှောင့်ယှက်တော့ဘူး”
ရီဝမ်ဝမ်က စားပွဲအား အားမာန်ပါပါနှင့် ရိုက်ချလိုက်ပြီး လောင်းကြေးကို အတည်ပြုလိုက်သည် ။

“ဘာမလို့ လဲ…လောင်းဆိုလဲလောင်းတာပေါ့”
ဖန်ယီပင်း ၀င်ပြောဆိုလာသည် ။

ဒီမိန်းမက ကျောက်စိမ်းနဲ့ပတ်သက်ပြီး တစ်လုံးတစ်ပါဒ နားမလည်ဘဲနဲ့  ဒီမှာလာပြီးတော့ ပေါက်တတ်ကရတွေ ၀ါကြွားပြောရဲသေးတယ် -
ကိုယ့်ကိုယ်ကို လူရယ်စရာကောင်းအောင် လုပ်နေတာပဲ ။

ကျောက်စိမ်းအရောင်းအ၀ယ်လောကထဲက တကယ့်တကယ့်ဆရာကြီးတွေ တောင်မှ ကိုယ့်ရင်ဘတ်ကိုယ် ပုတ်ပြပြီးတော့ အမြတ်ရလာလိမ့်မယ်လို့ အာပေါင်အာရင်းသန်သန်နဲ့  မ၀ါကြွားရဲဘူး။ ဒီလို ပေါက်တတ်စလေး ဆို ပြောမနေနဲ့တော့ ။

ပြီးတော့ ကျောက်စိမ်းရောင်းဝယ်တဲ့လုပ်ငန်းဆိုတာက ကျွမ်းကျင်မှုက
၃၀ ရာခိုင်နှုန်းရှိပြီး ကံက ၇၀ ရာခိုင်နှုန်းလိုသေးတယ် ။

ဒီအခိုက်၊ ဟူမောက်ဖန်နှင့်ရွှဲ့ လိတို့သည် ပါးစပ်အဟောင်းသား ဖြစ်နေကြလေပြီ ။

စီ မိသားစုထဲက ဘုတ်အဖွဲ့ ဝင် ဒါရိုက်တာတွေနဲ့  အကြီးအကဲတွေတောင်မှ ဒီမိန်းမကို မထိန်းချုပ်နိုင်ကြဘူးလား….

သို့သော်လည်း၊ ဟူမောက်ဖန်သည်ကတော့ ပြက်လုံးတစ်ခုကို ကြည့်နေရ သည့်ဟန် ။
ဘာပဲဖြစ်ပါစေ၊ စီ မိသားစုသည် ကိုယ့်ကိုယ့်ကို လူရယ်သွမ်းစရာဖြစ်အောင် လုပ်နေကြခြင်းဟု - သူ နှင့် ပတ်သက်စရာ လုံးဝအကြောင်းရင်း မရှိပါချေ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now