စာစဉ် ၃၁ ( ၁၃ - ၁၈ )

7.8K 959 57
                                    

Book.              :  31
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၁၊ အခန်း ၁၃။ တကယ့်အာဂ

ဝမ်ဟောယွမ်သည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေ သည် - ရတနာနန်းတော်သည် ဒီလောက်ကြီးမားလှသည့် အဓိပတိ အရေကျောက်ကြီးတစ်လုံးကို ထုတ်နိုင်ခဲ့ပြီဆိုမှတော့ နောင်တွင် ၀ယ်သူမရမှာကို စိုးရိမ်နေစရာအကြောင်း မရှိတော့ ။

သုံးနှစ်တိုင်အောင် မိုးမွှန်အောင် စော်ကားမော်ကားပြောခံရမှုတို့သည် ကျွတ်သွားခဲ့လေပြီ ။

သူ၏ရတနာနန်းတော်သည် ပထမတန်းစားအရည်အသွေး ရှိသည့် ကျောက်စိမ်းတစ်လုံးကို ထုတ်ပေးနိုင်ခဲ့လေပြီ ။

“ဒီအရေကျောက်ပိုင်ရှင်က ဘယ်သူလဲ” ပညာရှင်တစ်ယောက်သည် သိလိုစိတ်တို့ တာကျိုးကျလာပြီး မေးလိုက်၏ ။

ကျောက်မျက်ရိုင်းကို ဖြတ်တောက်ဖွင့်လှစ်သည်မှာ ဟွေ့ ဆွေ့ ဆိုင်တွင် ။ သို့သော် ဟူမောက်ဖန်၏မျက်နှာအနေအထားအရ သူ့ ဆိုင်က ဖြစ်ဟန် မတူ။

သူတော်စင် ချက်ချင်းပင် ဖြေလိုက်၏ ။
“ကျွန်တော့်ဟာ…ကျွန်တော့်ဟာ..ကျွန်တော်တို့ဟာ။
အဲလေ၊ မှားလို့ ကျွန်တော်တို့ဘော့စ်ဟာ”

“ဂုဏ်ယူပါတယ်၊ မိန်းကလေး ။ ဒီနေ့  မိန်းကလေးကြောင့် ကျွန်တော် အများကြီးလေ့လာခွင့်ရခဲ့ပါတယ်”
ပညာရှင်သည် ပြုံးတုံ့ တုံ့ ဖြင့် လက်ကို ဂရုတစိုက်အောက်ချ လိုက်၏ ။

“မိန်းကလေး…ဂရုစိုက်ပါ”

ဒီလိုရတနာမျိုး ရရှိပြီးသည့်နောက် သူမ အမှန်တကယ်ပင် ပိုလို့ သတိကြီးကြီးထားရပေမည် ။ သို့သော်၊ အမည်မရှိသောနန် နှင့် တခြားသောကိုယ်ရံတော်တို့ ရှိနေကြသဖြင့် သူမအနေနဲ့  ဘာပြသနာမှတော့ ကြုံတွေ့ ရ လိမ့်မည်မဟုတ်ပါ ။

ဟွမ်ရှီရှင်းသည် လက်မလျှော့လိုဆဲပင်။ နဲနဲချင်း နဲနဲချင်း ထပ်ကာထပ်ကာ ဖြတ်တောက်ကြည့်နေသည် ။ သို့တိုင်၊ အဆုံးသတ်တွင်ကား ဘာမှရမလာ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now