စာစဉ် ၃၀ ( ၂၂ - ၂၇ )

7.8K 948 64
                                    

Book.              :  30
Chapter.          :  22 - 27
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၀ ၊ အခန်း ၂၂ ။  တစ်သက်စာစုဆောင်းထားသမျှ ဆုံးရှုံးခြင်း

ဟူမောက်ဖန်သည် မပေးတော့ဘူးဟု ဆိုလာသဖြင့်
ရွှဲ့ လိ၊ ရီဝမ်ဝမ်အား စိတ်မကြည်သာစွာဖြင့် ကြည့်လိုက်သည် ။

ဒီဟာမသာ ဒီအလုပ်ကို ချင်းရူရှီဆီကနေ မရမကဖြတ်ယူ မသွားခဲ့ရင်ဒီလို ဖြစ်လာမှာမဟုတ်ဘူး ။

ဒီအခိုက်၊ ပညာရှင်သုံးယောက်မှာ စိုးတထိတ်ထိတ် ဖြစ်နေကြပြီ ။ သူတို့သည် ဟူမောက်ဖန် ကို ကြိုးစားဖျောင်းဖျနေကြသည်။
သို့သော်၊ သူသည်ကား လုံးဝအတိ မလှုပ်မယှက် ။

သူတို့သုံးယောက်သားသည် ရီဝမ်ဝမ်အား အပြစ်တင်ဟန် ရှိလာကြပြီး ပြောလာသည် ။
“သူဌေး ဟူ ဒီတခေါက်…ဒီတစ်ခေါက် ရထားတဲ့ကျောက်စိမ်းရိုင်းအတွဲက တကယ့်ကိုရှားပါးတယ် - ဒီကျောက်ရိုင်းတုံးမှာ အကွက်အကျောလေးတွေ ပါနေတယ်၊ အရောင်မတင်ရသေးပေမဲ့လို့ ထိပ်တန်းအရည်အသွေးရှိတဲ့ ကျောက်စိမ်းဖြစ်နေမှာ အသေအချာပဲ ။ အရည်အသွေးအကောင်းဆုံး ဂျေဒိုက်အမျိုးအစားဖြစ်ရင်ဖြစ်..မဖြစ်ရင်…အတွင်းပိုင်းမှာ အကုန်လုံး စိမ်းနေနိုင်ချေ အများကြီးရှိနေတယ်”

“ဒါကို လိုချင်နေကြတဲ့သူတွေထဲမှာ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်၊
သူဌေး ဟွမ် ပါပါတယ် ။ ဒါကို ကျွန်တော်တို့အတွက် ချန်ထားပေးအောင်လို့ ဒါရိုက်တာချင်းမှာ ဟူမောက်ဖန်ကို အားကြိုးမာန်တက်နဲ့ စည်းရုံးထားရတာ - အခုတော့ကွာ
သူမ ကြိုးစားထားသမျှအားလုံး သဲထဲရေသွန်ဖြစ်တော့မယ်နဲ့  တူပါတယ်”

“အရည်အချင်းမရှိဘဲနဲ့  ရှိသလိုလို မ၀ါကြွားသင့်ဘူးဗျာ ။
အခုတော့ကြည့်… ဥက္ကဌ စီ နဲ့  ပတ်သက်နေတယ်ဆိုရုံနဲ့ပဲ
လူတိုင်းက သူမကို မျက်နှာသာပေးရမယ်လို့ ထင်နေတယ်”

……

ရွှဲ့ လိနှင့်သုံးယောက်သောရာဖြတ်ပညာရှင်တို့မှာ ဟူမောက်ဖန်အား စိတ်ပြန်လည်လာအောင် ကြိုးစားညှိနှိုင်းနေကြစဉ် ရီဝမ်ဝမ်သည်ကား လုံး၀၀င်ပါခြင်းမရှိ၊ ထောင့်တစ်နေရာတွင်သာ ရေနွေးကြမ်းသောက်ရင်း တည်ငြိမ်အေးဆေးစွာ ထိုင်နေလေသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now