စာစဉ် ၃၆ ( ၇ - ၁၂ )

7.4K 1K 103
                                    

Book.              :   36
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၆၊ အခန်း ၇ ။ ဒါက ဦးလေးတွေးနေတာပေါ့လေ

အမည်မရှိသောနန် ။ “ဒီလောက်ကြောက်စရာကောင်းတဲ့ ကလေးမျိုး မင်း တွေ့ ဖူးလား ။ အဲ့ဟာလေးက ကမ္ဘာပေါ် ဆင်းလာတဲ့ မကောင်းဆိုးဝါးလေး ဆိုတာ သေချာတယ်”

မကောင်းဆိုးဝါးလေးက တိုးတိုးလေး ရေရွတ်လာသည် ။
“မကောင်းဆိုးဝါး…”

မည်သူ ပြောလိုက်တာမှန်း အမည်မရှိသောနန် သတိမပြုမိလိုက်၊ ခေါင်းကို ဆတ်ခနဲ ညိတ်ပြလာကာ ။
“အေးကွာ…သူက တကယ့်ကို မကောင်းဆိုးဝါးလေးပဲ ။ ဒီနှစ်တွေမှာ ငါ နန် မိသားစု မှာ ရှိနေတုန်း ဘယ်လောက်တောင် အနှိပ်စက်ခံခဲ့ရလဲ မင်း သိလား ။ ချစ်စရာလေး…ငါ မင်းကို ပြောပြမယ် - ငါတို့ သူ့ မိဘတွေ ကို ရှာတွေ့ ရင်တောင် အသုံးမ၀င်ဘူး ။ အဲ့ဟာလေးက အဲ့လောက်တောင်မှ ကြောက်စရာကောင်းတာ…သူ့ မိဘ တွေက သူ့ ကို အသိအမှတ်ပြုမှာကို မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်သည့်အခိုက် အုတ်သယ်သည့်နိုင်ငံခြားသားခမျာ မျက်နှာကို အုပ်ထားပြီး နဖူးအား စမ်းမိနေရချေပြီ ။ သူ့ အဖို့  သူ့ ကပ္ပတိန်ကို ကယ်တင်ဖို့ အရေးအား လုံးဝလက်လျှော့လိုက်ချေပြီ ။

မကောင်းဆိုးဝါးလေး၏မည်းနက်နေသည့်မျက်ဝန်း
တို့ သည်ကား ကျဉ်းကျုံ့ လာချေပြီ ။ စကားတစ်ခွန်းချင်းစီတိုင်းကို အသံဖိကာ
ဖြေးဖြေးချင်း ပြောလာသည် ။
“အော်..ဟုတ်လား ။ ဒါက ဦးလေး တွေးနေတာပေါ့လေ…ဟမ်”

ထိုကလေးအသံလေး ထွက်လာသည်နှင့် အမည်မရှိသောနန်မှာ လုံးဝအတိ ရှော့ရသွားပြီး သစ်ပင်ထိပ်ဖျားကို ခုန်တက်သွားတော့၏ ။ နောက်ဆုံးတွင်မှ အခုနက ပြောလိုက်သည့်ထိုအသံလေးသည် တစ်ခုခုတော့တစ်ခုခုဆိုသည် ကို သဘောပေါက်သွားပြီး သစ်ပင်ပေါ်ကနေ ငုံ့ ကြည့်လိုက်ရာ…
လည်ပင်း တစ်ခုလုံး တောင့်တင်းသွားတော့၏…

နောက်တစ်စက္ကန့် တွင် သူ မြင်လိုက်ရသည်ကား…
မိုင် တစ်ထောင်ကျော်အဝေးတွင် ရှိနေသင့်သည့် ၊
မိဘများကပင် အသိအမှတ်ပြုမှာမဟုတ်သည့် မကောင်းဆိုးဝါးဟု ပြော၍ရသော သူ၏ဘိုးဘိုးလေး ဖြစ်နေချေသည် ။
သူ့ ရဲ့ဘိုးတော်လေးသည် အမှန်တကယ်ပင် သူ့ ရှေ့ ပေါ်ချလာခြင်း ပါပေါ့လား…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now